[Part 11]

1.9K 125 0
                                    

ဒီနေ့ကျွန်မတို့အားလုံး ကန်တင်းရောက်နေကြတယ်။ ဘာလို့ဆို၁၂နာရီနဲ့အတန်းတွေပြီးသွားလို့ လာပျော်နေကြတယ်ဆိုပါတော့။ အားလုံးဆိုတာက ကျွန်မတို့ငါးယောက်ရယ် မိုင်ရယ် ကျွန်မတို့နဲ့ခင်တဲ့ယောက်ျားလေးသုံးယောက်လောက်ရယ်ပါ။ ကျန်တဲ့သူတွေကတော့အိမ်ပြန်သွားလေရဲ့။

Boy 1- ငါတို့တစ်နေရာရာသွားရအောင်ဟာ အချိန်တွေအများကြီးကျန်သေးတာကို

ယွန်း- ဘယ်သွားမှာတုန်း

Boy 2- Junction Squareမှာလေ လူကြီးတွေကစားတဲ့သေနတ်ပစ်တဲ့ကစားနည်းရှိတယ်တဲ့ အဲ့ဒါသွားကစားကြည့်ရအောင်

ဖူး- ဟဲ့ ဘာလဲ သေနတ်ပစ်တဲ့ဂိမ်း ကလေးကလားနဲ့

Boy 2- မဟုတ်ဘူးဟ သူကအခန်းတစ်ခုထဲမှာအချင်းချင်းပစ်ရတာမျိုးကွာ ကျည်ကာတွေသေနတ်တွေလဲပါသေးတယ် ပျော်စရာကောင်းတယ်ဟ

သိမ့်- ဟုတ်လား အာ့ဆိုသွားကြမယ်လေ

ပုံပုံ- ပြီးရော ပြီးရော မြန်မြန်စားကြ စားပြီးရင်သွားမယ်

ယွန်း- မှိုင်းမိုင်လဲလိုက်ခဲ့မယ်မလား

မိုး- အဲ ဟိုဟာလေ ငါနဲ့မိုင်ကဒီနေ့RCမှာပဲနေကြမလို့ဟ

သိမ့်- ဟမ် ဘာလို့နေမှာလဲ နင်လိုက်ခဲ့ရမှာလေ မိုးရယ်

မိုး- မိုင့်ကိုဒီနေ့အချိန်ပေးမယ်လို့ကတိပေးထားတာဟ ဒီရက်ပိုင်းငါတို့စာလုပ်ရင်းနဲ့ပဲအချိန်တွေကုန်နေကြတာလေ

သိမ့်- မိုး မရဘူးနော် ငါနင်မပါဘဲသွားမှာမဟုတ်ဘူး

မိုင်- သိမ့်ရတီ နင်အဲ့လိုတော့မလုပ်နဲ့လေ ငါနဲ့မိုးကဒီရက်ပိုင်းနှစ်ယောက်ထဲရှိတဲ့အချိန် ရှိခဲ့တာမဟုတ်ဘူးဟ။ ဒီနေ့မှအချိန်ရတာကို နင်အဲ့လိုမိုးကိုဆွဲထုတ်သွားလို့မရဘူးလေ

သိမ့်- မိုး နင်တွေ့လား နင့်လူငါ့ကိုပြောဆိုနေတာနင်ကြည့်နေတယ်ဟုတ်လား နင်ကသူ့ဘက်ကဖြစ်သွားပြီလား

မိုး- အဲ့လိုမဟုတ်မှန်းနင်သိပါတယ် သိမ့်ရယ် အရင်ဆုံးဒေါသကိုလျှော့ ငါပြောတာနားထောင်အုံး အခုသွားမှာယွန်းတို့လဲပါနေတာပဲ ပြီးတော့ငါဒီနေ့မလိုက်ဖြစ်လဲနောက်တခေါက်သွားလို့ရတယ်လေဟယ် နော်

ဤမျှသာWhere stories live. Discover now