[Part 31]

1.5K 105 3
                                    

"သမီး အမေနဲ့စကားခနပြောရအောင်"

အိပ်ရာ၀င်ဖို့ပြင်ဆင်နေတုန်း အခန်းတံခါးခေါက်သံနဲ့အတူပြောလာတဲ့ အမေ့စကားကြောင့်ကျွန်မစိုးရိမ်စိတ်၀င်မိတယ်။ မိုင့်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ မိုင်ကအဆင်ပြေသွားမှာပါဆိုတဲ့ပုံစံမျိုးလုပ်ပြတယ်။ ကျွန်မသက်ပြင်းတစ်ချက်ချလိုက်ပြီး အမေ့နောက်ကနေလိုက်သွားမိတယ်။ အိပ်ချိန်မို့ အိမ်အောက်ဘက် ခြံထဲမှာတိတ်ဆိတ်နေတယ်။ ခြံထဲက ထိုင်ခုံတန်းလေးမှာ အမေကထိုင်လိုက်တော့ ကျွန်မလဲလိုက်ထိုင်မိတယ်။ အမေက စကားမစသေးဘဲ ညကောင်းကင်ကိုမော့ကြည့်ပြီး သက်ပြင်းအကြိမ်ကြိမ်ချနေတယ်။ အမေ့မျက်နှာပေါ်မှာ ကျွန်မမခန့်မှန်းနိုင်တဲ့ အမူအရာတွေအများကြီးတွေ့နေရတယ်။ အခုချိန် အမေဘာပြောမလဲဆိုတာ ကျွန်မမခန့်မှန်းနိုင်ဘူး။ သဘောတူတယ်လို့လည်းပြောနိုင်သလို လုံး၀သဘောမတူနိုင်တာလဲဖြစ်နိုင်တာပဲ။

"သမီးက အမေနဲ့ဒီလောက်ထိတူလာလိမ့်မယ်လို့မထင်ထားခဲ့ဘူး"

မိုး- ရှင် အမေဘာပြောတာလဲဟင်

ရုတ်တရက်ပြောလာတဲ့အမေ့စကားကို နားမလည်စွာနဲ့ပြန်မေးတော့ အမေကသက်ပြင်းချပြန်တယ်။ အမေ့ရဲ့ဒီလို သက်ပြင်းအကြိမ်ကြိမ်ချနေတဲ့ပုံစံကို အရင်ကမမြင်ဖူးခဲ့တာတော့အမှန်ပဲ။ ဘာစကားပြောမှာမို့လို့ ဒီလောက်ထိပြောဖို့ခက်ခဲနေတဲ့ပုံစံဖြစ်နေရတာလဲ။ ဘာစကားမို့ ဒီလောက်ထိစိတ်ရှုပ်ထွေးနေတဲ့ပုံစံပေါက်နေရတာလဲ။ အခုချိန်မှာ ကျွန်မမေးချင်တဲ့မေးခွန်းတွေက အများကြီးပေမယ့် အမေပြောလာမယ့်စကားတွေကိုပဲ စောင့်စားနေလိုက်တယ်။

"သမီးကို အမေ၀န်ခံစရာတစ်ခုရှိတယ်"

၀န်ခံစရာ? အမေကကျွန်မကို၀န်ခံမယ်တဲ့လား။ ကျွန်မမသိသေးတဲ့ကိစ္စတခုခုများရှိနေသလား။ အမေ့မှာလျှို့ဝှက်ချက်မရှိဘူးလို့ထင်ထားခဲ့တာ။

မိုး- ပြောပါ အမေ သမီးနားထောင်နေပါတယ်

"အမေဒီကိစ္စကိုလူတွေမသိအောင်ဖုံးကွယ်ထားခဲ့တာကြာပြီ အမေအမြဲတမ်းမေ့ဖျောက်ချင်ခဲ့တဲ့ မှတ်ဉာဏ်တစ်ခုပေါ့"

ဤမျှသာWhere stories live. Discover now