[Part 16]

1.6K 101 1
                                    

"မမိုးမြတ်သခင်ရဲ့ ဓါတ်မှန်ရလဒ်ထွက်ပါပြီ"

ဆရာ၀န်ကြီးရဲ့အခန်းထဲကနေ သူနာပြုဆရာမတစ်ယောက်ထွက်လာပြီးပြောတော့ ကျွန်မနဲ့အမေနှစ်ယောက်သား အနောက်ကနေလိုက်သွားကြတယ်။ မနေ့ညကကိစ္စကြောင့် အမေနဲ့ကျွန်မရန်ကုန်ဆေးရုံကြီးကိုရောက်နေတာပါ။ အစကတော့ ဆရာ၀န်နဲ့ရိုးရိုးတန်းတန်းဆွေးနွေးဖို့လာခဲ့ပေမဲ့ ဆရာ၀န်ကြီးကဓါတ်မှန်ရိုက်ကြည့်တာကောင်းမယ်လို့ပြောလို့ ဓါတ်မှန်ရိုက်လိုက်ရတယ်။ အဖြေကထွက်တာနည်းနည်းကြာတော့ မနက်ထဲကဆေးရုံရောက်နေတာ ခုဆိုနေ့ခင်းဘက်တောင်ဖြစ်နေပြီ။

ဆရာ၀န်ကြီးအခန်းထဲရောက်တော့ ကျွန်မတို့ကိုထိုင်ဖို့ပြောတယ်။ ကျွန်မတို့နှစ်ယောက်လဲ ဆရာ၀န်နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်လိုက်တယ်။

ဆရာ၀န်- ဆရာမေးခွန်းနည်းနည်းလောက်မေးမယ်နော်

မိုး- ဟုတ်ကဲ့ မေးပါ

ဆရာ၀န်- ခေါင်းကိုက်တာတွေစဖြစ်တာဘယ်လောက်ကြာပြီလဲ

မိုး- အတိအကျကြီးတော့မသိပေမဲ့ ဆယ်တန်းဖြေပြီးနောက်ပိုင်းပိုပိုဆိုးလာတာတော့သတိထားမိပါတယ် ဆရာ

ဆရာ၀န်- အဲ့တုန်းကရော ဆရာ၀န်နဲ့ပြသေးလား

မိုး- မပြဖြစ်ဘူး ဆရာ ခေါင်းအရမ်းကိုက်လာရင် ဘိုင်အိုဂျက်ဆစ်လောက်ပဲသောက်လိုက်တာ

ဆရာ၀န်- မေ့လဲတာမျိုးကရော အရင်ကဖြစ်ဖူးလား

မိုး- မနေ့ညကပထမဆုံးဖြစ်တာပါ

ဆရာ၀န်- ဟုတ်ပြီ အခုဓါတ်မှန်ရလဒ်ကိုပြောပြမယ် ဓါတ်မှန်ကိုကြည့်လိုက်တော့ ခေါင်းထဲမှာအကြိတ်လိုအဖုလေးဖြစ်နေတာတွေ့ရတယ် ခေါင်းကိုက်တယ်ဆိုတာကအဲ့အကြိတ်ကြောင့်ဖြစ်နေတာ အဲ့ဒါကိုဖယ်ထုတ်ပစ်မှရမယ် ပြောချင်တာကတော့ခွဲစိတ်မှုလုပ်ရမယ်

အမေ- ရှင် အကြိတ်ဟုတ်လား ဆရာ ခွဲစိတ်ရမယ်တဲ့လား?

ဆရာ၀န်- မခွဲစိတ်ဘူးဆိုရင်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကအများကြီးပါ နောက်ဆုံးအသက်အန္တရာယ်ပါစိုးရိမ်လာရနိုင်တယ်

ဤမျှသာWhere stories live. Discover now