[Part 7]

2.1K 145 2
                                    

သိမ့်- ဟဲ့ မိုး ငါ‌အခုပြောမဲ့ကိစ္စနင်ယုံမှာတောင်မဟုတ်ဘူး

မိုး- ဘာလဲဟ အလန့်တကြားနဲ့

သိမ့်- မလန့်နဲ့အုံး ငါပြောမဲ့ဟာနားထောင်ပီးမှလန့်တော့

မိုး- ပြော ပြော ဘာလဲ

သိမ့်- ဖူးမှာရည်းစားရှိတယ်လို့ပြောခဲ့တယ်နော်

မိုး- အေးလေ အဲ့ဒါဘာဖြစ်လဲ နင်နော် ပြန်ပီးအစဖော်မနေနဲ့

သိမ့်- ငါပြောတာလဲနားထောင်စမ်းပါအုံး သူ့ရည်းစားကဘယ်သူထင်လဲ

မိုး- ငါကဘယ်လိုလုပ်သိမှာလဲ တောင်ကြီးကလူကို

သိမ့်- အေး မသိရင်ပြောပြမယ် သူ့ရည်းစားကမိန်းကလေးတဲ့ tomboyလိုတသက်လုံးနေလာတာတဲ့ မိန်းကလေးနဲ့တောင်မတူဘူး ဒီမှာကြည့် သူmydayတင်ထားတယ်တွေ့လား

သိမ့်ကသူ့ဖုန်းကိုကျွန်မကိုထိုးပြတယ်။ ဟုတ်ပါရဲ့ ဖူးရည်းစားကမိန်းကလေးနဲ့တောင်မတူဘူး။ ချောလိုက်တာလဲမှုန်လို့ ကျွန်မနဲ့နှိုင်းဖို့တောင်မတန်တဲ့လူမျိုးပါ။ ဒါဆိုဖူးက ကျွန်မကိုမိန်းကလေးမို့လို့ပြန်မကြိုက်ခဲ့တာမဟုတ်ဘူးပေါ့။ သူကstraightတစ်ယောက်လဲမဟုတ်ပြန်ဘူးပေါ့။ ဒီအတောအတွင်းကျွန်မဖူးကို အထင်တွေမှားနေခဲ့တာ။ ကျွန်မကိုရွံသွားပြီထင်နေခဲ့တာ။ အနည်းဆုံးတော့သူကျွန်မကိုအဲ့လိုသဘောထားတာမဟုတ်ဘူးဆိုတာသိရလို့ နည်းနည်းတော့၀မ်းသာမိတယ်။ ဒါပေမဲ့ သူ့ရည်းစားနဲ့ယှဉ်လိုက်ရင် ကျွန်မကဘာမှမဟုတ်တာကိုသိရတေယ့ ၀မ်းနည်းတယ်။ မသိခဲ့ရင်ပိုကောင်းမှာ။

သိမ့်- ဟဲ့ အံ့ဩလွန်းပြီး ငုတ်တုတ်ကြီးသေနေတာလား

မိုး- မဟုတ်ပါဘူး နည်းနည်းတော့အံ့သြတာပေါ့ ငါကသူ့ကိူstraightလို့တချိန်လုံးထင်ထားခဲ့တာမို့လို့

သိမ့်- ဟုတ်ပါ့ ဖူးတို့များဟန်ဆောင်ကောင်းချက်။ သူကလဲ ခုမှကောက်ကာငင်ကာကြီး မိုင်ဒေးထတင်တယ်နော်

မိုး- ငါမြင်အောင်လို့ဖြစ်မှာပေါ့

သိမ့်- နင်အဆင်ပြေပါတယ်နော်

မိုး- အငြင်းခံပီးမှတော့ ပြေရတော့မှာပေါ့ဟယ်

သိမ့်- အာ့ဆိုလဲကန်တင်းသွားမယ် ထ

ဤမျှသာWhere stories live. Discover now