Part_3

5.4K 556 6
                                    

"လူလေးဝိုင်း..ထမင်းစားတော့မလား "

ဝသာန် ကြမ်းပြင်က ကြွေပြားတွေကို စိုက်ကြည့်ရင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ ဟနေသော နှုတ်ခမ်းနှစ်ခုကနေ လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ညှိုးလေးတစ်ချောင်းက သူထွက်ပြေးလာခဲ့ရသော အခန်းရှိရာဆီ တွန့်ဆုတ်စွာ လှမ်း ညွှန်ပြလိုက်သည်။

" သူ..သူက ဘာလို့ ... အဲ့လို နှင်ထုတ်တာလဲ? "

ဒေါ်ကြည်လုံးက မမြင်ပေမယ့် အကုန် နားလည်သဘောပေါက်သည့်အလား မျက်နှာမကောင်းစွာ ခေါင်းငြိမ့်ပြလာ၏။

"ကျနော် ဘာအမှားလုပ်မိလို့လဲ "

"လူလေးဝိုင်း..ဒီမှာထိုင်...ဝါဝါ အစ်ကိုလေးခေတ်သွင်ဆီကို မနက်စာ သွားပို့ချည်တော့ "

"ဟုတ်ကဲ့ဒေါ်ကြည် "

ဝါဝါက လင်ဗန်းတစ်ချပ်ပေါ်တွင် ဆိုင်းခေတ်သွင်အတွက် နံနက်စာကို တင်ပြီး အခန်းဘက်သို့ ထွက်သွားသည်။ ဒေါ်လေးကြည်က ထမင်းစားပွဲတွင် ဘာမှမစားဘဲ ကြောင်စီစီဖြစ်နေသော ဝသာန့်အား စတင်၍ ပြောလာသည်။

" လူလေးဝိုင်း..အစ်ကိုလေးခေတ်က သူ့ကို လူမမာ လိုကြည့်တာ မကြိုက်ဘူး.. နောက်ပြီး သူ့ကို စောင့်ရှောက်ဖို့ သူနာပြုလည်း မလိုဘူးဆိုပြီး မမကြီးကို ပြောထားတာ..ဒါပေမယ့် မမကြီးကကျတော့ အစ်ကိုလေးခေတ်ကျန်းမာရေး အတွက် သူနာပြုတစ်ယောက်ကတော့ အနားမှာ ရှိကိုရှိသင့်တယ်လို့ ဆုံးဖြတ်တယ်..ပြောရရင် သူနာပြုခေါ်ဖို့ကိစ္စကို အစ်ကိုလေးခေတ်က သဘောမတူထားဘူး  "

" ဒါဆို ရှေ့က လူတွေကရော? "

"ရှေ့က လူတွေလည်း အဲ့လိုပဲ..မမကြီးက သူ့သဘောနဲ့သူ ခေါ်လာတယ်..အစ်ကိုလေးခေတ်က ဒီနှစ်ထဲကျမှ မမကြီးကို တော်တော်လေး အတိုက်အခံလုပ်လာတာ..မင်းရှေ့မှာ တစ်လ​တောင် မပြည့်ဘဲ အလုပ်ထွက်သွားတဲ့ သူနာပြု ငါးယောက် လောက်ရှိတယ်  "

" ခုဏလိုမျိုး မောင်းထုတ်လို့လား "

ဒေါ်လေးကြည်က မသက်သာစွာ အောင့်သက်သက်ပြုံးပြီး သက်ပြင်းချသည်။

SENG (Paraplegia)Where stories live. Discover now