Part_5

4.9K 529 18
                                    

နောက်ထပ်အခက်အခဲတစ်ခုမှာ ဝသာန်က ညဆို မီးပိတ်ပြီး အိပ်တတ်သူဖြစ်သည်။ ဆိုင်းခေတ်သွင်က မီးဖွင့်ပြီး အိပ်လေ့ရှိသူဖြစ်ပြန်ကာ လင်းထိန်နေသောမီးရောင်အောင် ဝသာန် ညလုံးပေါက်ခဲ့ရလေသည်။

ဆိုင်းခေတ်သွင်သည် သူသောက်ရမည့်ဆေးများကို ဝသာန့်အား အထိမခံ။ သူသောက်ရမည့်ဆေး သူကောင်းကောင်းသိနေတာက ကောင်းတဲ့ကိစ္စဆိုပေမယ့် ဝသာန့်မှာ ဆေးဘူးကိုတောင် ယူကြည့်ခွင့်မရ။

မနက်စာစားပြီး ဆေးတိုက်ချင်တဲ့ ဝသာန်နှင့် ဆေးဘူး အထိမခံသည့် ဆိုင်းခေတ်သွင်တို့  တိုက်ပွဲတစ်ပွဲ ဆင်နွှဲရသည်။

ပြီးလျှင် ထိုလူက စာကြည့်ခန်းထဲသွားပြီး စာဖတ်သည်။ ဒေါ်ခင်မမက မျက်စိအောက် အပျောက်မခံနဲ့လို့ မှာထားတာကြောင့် ဝသာန့်မှာ သူလည်းလုပ်စရာရှိတာလုပ်၊ ကိုယ်လည်းလုပ်ချင်ရာလုပ်ဆို မနေနိုင်။

သူ့အနားကပ်တာ မကြိုက်ရင်တောင်မှ မြင်နေရမယ့်အကွာအဝေးကနေ တစ်ချိန်လုံး ရှိနေရသည်။

နေ့လည်စာ မစားခင်မှာ ဆိုင်းခေတ်သွင်က ရေချိုးလေ့ရှိသည်။ အိပ်ခန်းထဲတွင် အပေါ်ဝတ်ချွတ်နေသော ထိုလူ့အနားကို ဝသာန်က ကူညီဖို့သွားလိုက်လျှင် ထိုလူက မာန်မဲသည်။

" ငါ့နား မလာနဲ့ "

" ကိုဆိုင်းခေတ်သွင်..ခင်ဗျား မကြိုက်ရင်တောင် ကျနော်က ကိုယ့်အလုပ်ကို လုပ်ရမှာပဲ.. ခင်ဗျား အခုလို ခန္တာကိုယ်ကို သူများ အထိမခံဘဲနဲ့ တစ်ယောက်တည်း သန့်ရှင်းရေးလုပ်တာ ဘယ်လောက်ကြာပြီလဲ? သေချာပေါက် ခင်ဗျား ဖင်တော့ ချပ်ဆွဲနေတော့မှာပဲ "

" ဘာ! "

စိတ်ဆိုးလည်း မတတ်နိုင်။ လိုအပ်ရင် ကြိုးတုပ်ပြီး ရေချိုးပေးရ ပေးရ။ ကိုယ်ချင်းမစာတာ မဟုတ်ပေမယ့် သူက စိတ်ဆိုးရင်တောင် ဝသာန့်ကို ထရိုက်နိုင်တာမှ မဟုတ်တာ။ လုပ်စရာရှိတာ ဆွဲဆတ်လုပ်ပေးရတော့မှာပင်။

" ခင်ဗျား နောက်ကျောမှာ ဂျီးတွေ ဒီကတောင် လှမ်းမြင်ရတယ်..လာလာ...ကျနော် သေချာ တိုက်ချွတ်ဆေးကြောပေးမယ် "

ထိုလူသည် ဒေါသကြောင့် မျက်နှာကြီးနီရဲလျက် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်နေတုန်းမှာပင် ဝသာန်က Wheelchair ကို နောက်က တွန်းပြီး ရေချိုးခန်းထဲသို့ ခေါ်သွားတော့သည်။

SENG (Paraplegia)Where stories live. Discover now