Final

8.4K 513 20
                                    

တစ်လတိတိ ဆေးရုံတက်ပြီးနောက်မှာ ဆိုင်းခေတ်သွင် ပါရမီအိမ်သို့ ပြန်လာနိုင်ပြီဖြစ်သည်။ သူ့ရဲ့ လက်တွေက ပတ်တီးဖြေထားပြီး လှုပ်ရှားနိုင်နေပြီဆိုပေမယ့် ခြေထောက်တွေကတော့ အခုထိ လမ်းလျှောက်လို့မရသေးပေ။

ဒီတစ်လလုံး ဝသာန်က ဆေးရုံနှင့်အိမ်ကို ကူးချည်သန်းချည်လုပ်ရသည်။ ဆိုင်း ပါရမီအိမ်ကိုပြန်ရွေ့ရတော့လည်း သူနာပြုအဖြစ် သူ့အနားမှာ လိုက်နေပေးဖို့ ဝသာန် ပါရမီအိမ်ကိုပြန်ရောက်လာခဲ့သည်။

ဆိုင်းနဲ့ ဝသာန် ပထမဆုံး တွေ့ခဲ့ကြတုန်းကလိုပဲ အိမ်ရဲ့အောက်ဆုံးထပ်က အခန်းလေးထဲမှာ နှစ်ယောက်အတူ ပြန်နေဖြစ်ကြသည်။ အရင်တုန်းကလိုပဲ ဆိုင်းခေတ်သွင်က လမ်းမလျှောက်နိုင်တဲ့ လူနာတစ်ယောက်အဖြစ်၊ ဝသာန်က သူနာပြုတစ်ယောက်အဖြစ်။

သို့ပေမယ့် အရင်ကလို ဆိုင်းခေတ်သွင်က ဟန်ဆောင်နေတာမဟုတ်ဘဲ တကယ် မလျှောက်နိုင်တော့တာဖြစ်သည်။ နှင်းဝတ်ရည်က တစ်ပတ်တစ်ကြိမ် ခြေထောက်အခြေအနေကို လာစစ်ဆေးသည်။

ထိခိုက်မှုက ပြင်းလို့ တစ်သက်လုံးမလျှောက်နိုင်တော့တာလည်းဖြစ်နိုင်သည်။ လျှောက်နိုင်ရင်တောင် အကူ ပါမှ ဆိုတာမျိုးလည်းဖြစ်နိုင်သည်။သေချာတာကတော့ ပြန်ကောင်းဖို့ အချိန်အတော်ယူရမည်။

" ကောင်းလိုက်တာ..နင့်ခြေထောက်တွေကို ငါ့အစား ရိုက်ချိုးပေးမယ့်သူ ပေါ်လာလို့ "

အမြဲတမ်းစိတ်ပူပြီးအပြေးရောက်ရောက်လာတတ်တဲ့ ပုံစံနှင့်မတူဘဲ ပါးစပ်က ကြမ်းကြမ်းတမ်းတမ်းပြောလာတဲ့ နှင်းဝတ်ရည်။ ဒီအတောအတွင်း သူတို့ရဲ့စေ့စပ်မယ့်သတင်းကလည်း တမင် ဝသာန့်ခံစားချက်တွေ ဖွင့်ထုတ်လာအောင် နှစ်ယောက်သား ပူးပေါင်းကြံစည်ထားတာဟု ဝသာန့်ကိုရှင်းပြထားပြီးသားဖြစ်လေသည်။

ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အသိုင်းအဝိုင်းက အပြောအဆိုခံရမှာကိုတောင် မငဲ့ကွက်ဘဲ သူငယ်ချင်းရဲ့အချစ်ရေးကို ကူညီပေးတဲ့နှင်းအား ဝသာန် မလေးစားဘဲမနေနိုင်။ ကျေးဇူးလည်း အထပ်ထပ်အခါခါတင်မိသည်။

SENG (Paraplegia)Where stories live. Discover now