Part_29

3.3K 341 7
                                    

မနက်ခင်း ၆ နာရီလောက်မှာ အိမ်ရှေ့ဖြတ်သွားမယ့် ဘုရားပန်းသည် ကို စောင့်ဝယ်မလို့ ဝသာန် အိမ်ပေါ်က ဆင်းလာသည်။ အိမ်ရှေ့လှေကားထစ်ကိုရောက်တော့ သံတံခါးအပြင်မှာ ရပ်ထားဆဲ ဆိုင်းခေတ်သွင်ရဲ့ ကားအဖြူကို မြင်လိုက်ရသည်။

လူကို မမြင်တာကြောင့် ဝသာန် တံခါးဖွင့်ပြီး ထွက်လာမှ အုတ်တံတိုင်းနောက်မှာ ငုတ်တုတ်ထိုင်နေတဲ့ ဆိုင်းခေတ်သွင်ကို တွေ့လိုက်ရလေသည်။

" ဟင်! "

မနေ့ညက သူ့မျက်နှာကို တည့်တည့်ကြည့်ဖို့တောင် ဝသာန် မနည်းအားတင်းခဲ့ရတာ။ ပြောစရာရှိတာ အကုန်အပြတ်ပြောပြီး အိမ်ထဲဝင်လာပြီးနောက် အိမ်ရှေ့ကို လုံးဝ မကြည့်ဖြစ်တော့။ ဆိုင်းခေတ်သွင်က ညကတည်းက အိမ်မပြန်ဘဲ ဒီရှေ့မှာ ရပ်နေတာလား။

"ဝသာန် "

ထိုသူမှာ မတ်တပ်ရပ်ရပ်ချင်း ယိုင်ခနဲ ဖြစ်သွားပေမယ့် ဝသာန့်ဆီကိုတော့ ရောက်အောင် လာစမြဲ။

"ကိုယ်တို့..  အိမ်မှာ စကားပြောရအောင် "

ဝသာန့်လက်ကို လာပြီးဆုပ်ကိုင်တဲ့ သူ့လက်များက အေးစက်နေတာကြောင့် ဝသာန်တောင် တွန့်ခနဲ ဖြစ်သွားရသည်။ ဆောင်းတွင်းကြီးမှာ အနွေးထည်ပါးပါးတစ်ထည်တည်းဝတ်ပြီး တစ်ညလုံး အပြင်မှာ ရပ်နေတယ်တဲ့လား။ ဆိုင်းခေတ်သွင်က ရူးသွားတာလား။

" ပြောစရာ စကားမရှိ​တော့ဘူး..မနေ့ညက ခင်ဗျား မကြားဘူးလား..အဲ့တာ အကုန်ပဲ "

" ဝသာန် "

ဆွဲထားတဲ့ သူ့လက်ကို ဖြုတ်ပြီး အိမ်ထဲ ပြန်ဝင်ဖို့လုပ်လျှင် ဆိုင်းခေတ်သွင်က နောက်ကနေ ထပ်ဆွဲခေါ်ပြီး ဝသာန့်ကို ကားပေါ် တွန်းတင်လိုက်သည်။

"ဆိုင်းခေတ်သွင်!! "

ဝသာန် ပြန်ဆင်းလို့မမှီ ။

" ကားရပ်ပေး! "

" အိမ်ကို အရင်လိုက်ရမယ် "

ဒီလိုအချိန်မှာ ခေါင်းမာပြီးဇွတ်တရွတ်နိုင်တဲ့ သူ့အကျင့်ကပြန်ပေါ်လာသည်။ မနက်စောစောမို့ လမ်းကရှင်းနေပြီး  ကားကို အရှိန်ကုန်တင်မောင်းနေတာကြောင့် ဝသာန်လည်း ခပ်ကြာကြာ ကလန်ကဆန် မလုပ်ရဲတော့။ မတော်တဆ တစ်ခုခု ဖြစ်သွားမှာကိုပဲ စိုးရိမ်ရင်းသာ လိုက်ပါလာရသည်။

SENG (Paraplegia)Where stories live. Discover now