Part_21

4.2K 392 10
                                    

မြန်မာနိုင်ငံကို ပြန်မယ့် နောက်ဆုံးရက်မှာ ဦးဆိုင်းမဟာသွင်နှင့် ဝသာန်တို့သုံးယောက်သား ထမင်းလက်ဆုံစားကြသည်။

မြေးအဖိုးနှစ်ယောက်မှာ စားသောက်နေရင်းနဲ့ လုပ်ငန်းနှင့်ပတ်သက်သော အစီအစဥ်များအကြောင်းဆွေးနွေးကြသည်။

ဦးဆိုင်းမဟာသွင်ကို တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချတဲ့အတွက် ဆိုင်းခေတ်သွင်က မြန်မာကိုပြန်ရွှေ့လာနေစေချင်ကြောင်း ပြောသည်။

" အဖိုးကို စိတ်ပူမနေနဲ့.. ဒီက လူတွေက အဖိုးအနားမှာ ရှိလာတာ မြေးရဲ့ တစ်သက်ကျော်နေပြီ "

သူ့ရဲ့သားဖြစ်သူ ဆိုင်းဇေယျာသွင်ကို အိမ်ကမောင်းထုတ်တဲ့ အချိန်ကတည်းက လက်အောက်က သစ္စာခံတွေသာ သူ့အနားမှာ အချိန်ပြည့်အမြဲရှိနေပေးခဲ့တာဖြစ်သည်။ သားသမီးလို သဘောထားခဲ့တဲ့ ဒေါ်ခင်မမကတောင် သူ့အပေါ် လုပ်ကြံခဲ့ပေမယ့် သူ့နဲ့နှစ်အကြာကြီး အတူရှိလာတဲ့ လက်အောက်ငယ်သားတွေကတော့ ထိုသို့ မဟုတ်။

" မင်းကိုယ်မင်းသာ ဂရုစိုက်..ကြားလား "

ဦးဆိုင်းမဟာသွင်က သူ့မြေးကိုမှာစရာရှိတာမှာလို့လည်းပြီးရော ဘေးတွင် တိတ်ဆိတ်စွာ စားသောက်နေသော ဝသာန့်ကိုခေါ်လိုက်သည်။

" ရှေ့လျှောက်လည်း ဆိုင်းခေတ်သွင်ရဲ့ ယုံကြည်ရတဲ့ လူတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ပါတယ် "

" ဟုတ်..ကဲ့ "

ဝသာန် ခေါင်းငြိမ့်ပြီး ဘေးမှာထိုင်နေတဲ့ ဆိုင်းခေတ်သွင်ကိုကြည့်လိုက်တော့ ထိုသူက သူ့ထမင်းသူသာ စားနေလျက်သား။ ဝသာန့်ကို တစ်ချက်တောင် လှည့်မကြည့်။

တစ်နေ့ညက ကိစ္စဖြစ်ပြီးနောက်မှာ ဆိုင်းခေတ်သွင်က ဝသာန့်ကိုရှောင်နေသည်။ မနေ့ကဆို မနက်လင်းကတည်းက အပြင်ထွက်သွားလိုက်တာ..ညနေမှ အိမ်ပြန်လာသည်။ ဝသာန် ဖုန်းဆက်မေးတော့ အလုပ်ကိစ္စ လက်စသတ်နေတာဟု ဖြေရုံသာဖြေသည်။

ညနေ အိမ်ပြန်ရောက်လာတော့လည်း သူ့အဖိုးနားမှာ သွားကပ်နေသည်။ နောက်ရက်ပြန်တော့မှာမို့လို့ မြေးအဖိုးနှစ်ယောက် ပြောစရာစကားတွေများနေမှာပဲဆိုပြီး ဝသာန် မနှောင့်ယှက်တော့။

SENG (Paraplegia)Where stories live. Discover now