Part_22

4.3K 359 18
                                    

နောက်တစ်ရက်ရဲ့ နေ့လည်ခင်းမှာ ဝသာန် နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း ဘေးမှာ အိပ်ပျော်နေဆဲ ဆိုင်းခေတ်သွင်ကို မြင်လိုက်ရတာကြောင့် မနေ့ညက အဖြစ်အပျက်များက ခေါင်းထဲမှ တန်းစီထွက်ပေါ်လာသည်။

ဆိုင်းခေတ်သွင်က ခြေထောက် အောက်ပိုင်း သေခဲ့ဖူးလို့မှ တော်တော်ရယ်။ အောက်ပိုင်း ခွန်အားကို  အထင်သေးလို့မရ။ နောက်ပြီး ဆိုင်းခေတ်သွင်ရဲ့ Size က ...

ဝသာန့် တစ်ကိုယ်လုံး ဆတ်ခနဲပင် တုန်သွားသည်။ ကိုယ်နဲ့သူ လူကောင်ချင်းကွာသလောက် အောက်က Size ချင်းလည်း သိသိသာသာ ကွာသည်။

မနေ့ညက မြင်မြင်ချင်း ယောက်ျားလေးအချင်းချင်း သေးငယ်တဲ့မိမိပိုင်ဆိုင်မှု​လေးကြောင့် သိမ်ငယ်သွားပေမယ့် ထိုငြှိုးငယ်စိတ်က ဆိုင်းခေတ်သွင်ရဲ့ ချစ်တင်းနှောမှုကြားမှာ ကြာကြာ မခံလိုက်။

ဝသာန် ကုတင်ပေါ်ကနေ ဖြေးဖြေးချင်း ဆင်းလာပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ ညက အတော်နောက်ကျသွားလို့ ကိုယ်လက်တောင် သန့်စင်ချိန်မရ။ မရပ်မနား လှုပ်ရှားနေခဲ့တာ ဆိုင်းခေတ်သွင်ဆိုပေမယ့် ဝသာန်​က မောပြီး အရင် အိပ်ပျော်သွားခဲ့သည်။ ပင်ပန်းလွန်းလို့ လက်ချောင်းလေးတစ်ချောင်းတောင် မ မနိုင်သည်ထိ။

ရေချိုးခန်းထဲက မှန်တွင် ပေါ်နေသော ဝသာန့်ရဲ့ ကိုယ်ပေါ်တွင် ကိုက်ခဲထားသည့်အရာများက အပြည့်။ ညကဆို ဆိုင်းခေတ်သွင်က လူမှ ဟုတ်ရဲ့လားလို့ တွေးမိသည်အထိ။ သူ့ရဲ့သွားစွယ်ချွန်ချွန်တွေနဲ့ လည်ပင်းကို တစ်ချက်မျှ ကြမ်းကြမ်း ကိုက်လိုက်လျှင်  အသားပါ ပေါက်ထွက်သည်။

ရင်ဘတ်ကို ဆပ်ပြာတိုက်တော့လည်း ဝသာန့်မှာ ကိုယ်ပိုင်ပစ္စည်းလေးနှစ်ခုကို ထိလိုက်တဲ့အခါ ကျဥ်ခနဲခံစားရသည်။ မနေ့ညက ဆိုင်းခေတ်သွင် ဘယ်လောက်တောင် အကိုင်ကြမ်းသလဲဆို ခပ်ယောင်ယောင်ဖြစ်နေတာသာ ကြည့်။

ဝသာန့်လို ယောက်ျားလေးတစ်ယောက်ရဲ့ တစ်ကိုယ်လုံးတောင် ကျိုးကြေမတတ် ဖြစ်သွားတာ မိန်းကလေးသာဆို ဆိုင်းခေတ်သွင်ရဲ့ ဒီလိုသရဲမရဲစီးနိုင်မှုနဲ့ တွေးမကြည့်ရဲစရာ။

SENG (Paraplegia)Where stories live. Discover now