Part_11

4.6K 484 10
                                    

ဒေါက်တာနှင်းဝတ်ရည်၏ လူနာကြည့်သော အပြင်ဆေးခန်းမှာ ဖြစ်သည်။

ဝသာန်သည် Wheelchair ပေါ်တွင် ထိုင်နေသော ဆိုင်းခေတ်သွင်၏ ခြေထောက်များပေါ်က အကြည့်မခွာနိုင်။

နှင်းဝတ်ရည်က ကော်ဖီနှစ်ခွက်ဖျော်လာပြီး ဝသာန်နှင့် ဆိုင်းခေတ်သွင်တို့လက်ထဲသို့ တစ်ယောက်တစ်ခွက် ပေးသည်။ တဆက်တည်း အားစေးမိနေသော ဝသာန့်အား ရှင်းပြလာသည်က....

" ဆိုင်း လမ်းပြန်လျှောက်နိုင်တာ ခြောက်လလောက်ရှိပြီ...အစကတည်းက ဆိုင်းရဲ့ ခြေထောက်တွေက လုံးဝပြန်မကောင်းနိုင်တဲ့ အခြေအနေ မဟုတ်ဘူး... ပြောရမယ်ဆို...တို့နဲ့ ဒီထက်သာ စောစော တွေ့ခဲ့ကြမယ်ဆိုရင် အခုချိန်လောက်ဆို အကောင်းပကတိတောင် ဖြစ်နေသင့်ပြီ "

" ဘာကိုပြောချင်တာလဲ? ခြောက်လတောင်ရှိပြီ ဟုတ်လား? ဒါကို... ဒေါ်ခင်မမရော မသိဘူးလား.. ကိုဆိုင်းခေတ်သွင် လမ်းပြန်လျှောက်နိုင်တာ သူ့ကို အရင်ဆုံးပြောပြရမှာ လေ "

ဝသာန့်ရဲ့ နားမလည်သော မျက်နှာအနေအထားကို ကြည့်ပြီး နှင်းဝတ်ရည်နှင့် ဆိုင်းခေတ်သွင်က အချင်းချင်း ခေါင်းငြိမ့်ပြီး အချက်ပြသည်။ ဆိုင်းခေတ်သွင်က ဆက်ပြောလာသည်။

" ဒေါ်လေးခင်ကို ပြောလို့မရဘူး "

" ဘာလို့လဲ? "

" ဘာလို့လဲဆိုတော့...ကိုယ့်ရဲ့ ခြေထောက် ပြန်ကောင်းလာတာကို မမြင်ချင်ဆုံးလူက ဒေါ်လေးခင် မို့လို့ပဲ "

ဆေးခန်းအတွင်း အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဆိုင်းခေတ်သွင်ရဲ့ စကားကို နားလည်အောင် အချိန်ယူ တွေးကြည့်ပြီးမှ  ဝသာန် ခေါင်းခါပြီး ဆိုင်းခေတ်သွင်ကို ပြန်ပြောသည်။

" မဖြစ်နိုင်တာ..ခင်ဗျား နေပြန်ကောင်းလာဖို့ သူဘယ်လောက်တောင် အလိုရှိလိုက်သလဲ? သူ ခင်ဗျားကို ဂရုစိုက်တာ ဘေးလူဖြစ်တဲ့ ကျနော်တို့တောင် မြင်နေရတယ်..ဘာလို့ သူက ခင်ဗျားကို ပြန်မကောင်းစေချင်ရမှာလဲ..ဆိုင်းခေတ်သွင်..ခင်ဗျားရဲ့ အဒေါ်ကို တစ်ခုခုအထင်လွဲနေတာ မဟုတ်ဘူးလား  "

SENG (Paraplegia)Where stories live. Discover now