Part_31

3.6K 336 4
                                    

ဆေးရုံအခန်းတံခါးသည် ဝုန်းခနဲ မြည်အောင်ပွင့်သွားသည်။ အထဲမှာရှိတဲ့ သူနာပြုတွေခမျာ လန့်ဖြန့်ကုန်လျက်။

ဆိုင်းခေတ်သွင် ရောက်လာတာနဲ့ ဦးဆိုင်းမဟာသွင်က သူနာပြုတွေနဲ့ ဘော်ဒီဂတ်တွေကို ထွက်သွားခိုင်းလိုက်သည်။

" အဖိုး ဝသာန့်ကို ဘာပြောလိုက်တာလဲ "

ဦးဆိုင်းမဟာသွင်က နှာခေါင်းမှာအုပ်ထားသည့် အောက်စီဂျင်ခွက်ကိုဖြုတ်လိုက်ပြီး

" မင်းတို့ ဇာတ်လမ်းကို ရပ်တန်းကရပ်ခိုင်းလိုက်တာ "

" ဘယ်သူ့သဘောနဲ့လဲ! "

" မင်း မကြာခင် လက်ထပ်ရတော့မှာမို့လို့ မင်းရဲ့ အပျော်ဇာတ်လမ်းတွေကို ကြိုရှင်းတဲ့သဘောပဲ "

ဆိုင်းခေတ်သွင်ရဲ့ မျက်နှာက ပိုပြီးခက်ထန်လာကာ အော်လိုက်သည်။

" ကျနော် ဝသာန့်ကို အပျော်တွဲနေတာ မဟုတ်ဘူး "

ဆိုင်းခေတ်သွင်က ရှူရှူရှားရှားဖြစ်နေသလောက် ဦးဆိုင်းမဟာသွင်ကတော့ တည်ငြိမ်လွန်းစွာ ... မျက်လုံးတစ်ချက်လှန်ကြည့်လာပြီး

" ယောက်ျားတစ်ယောက်ကို အပျော်တွဲတာမဟုတ်ဘူးဆိုတော့..မင်းက ဘယ်အထိ ရည်ရွယ်ထားတာလဲ "

" ဝသာန်က လွဲပြီး ကျနော် ဘယ်သူနဲ့မှ လက်မထပ်ဘူး "

" ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီး မျိုးဆက်ကို ဘယ်လိုလုပ်ဖို့စဥ်းစားလဲ "

လက်ထပ်တာက ယောက်ျားဖြစ်တာ၊ မိန်းမ ဖြစ်တာကို ဦးဆိုင်းမဟာသွင် ဂရုမစိုက်ဘူး။ ဦးဆိုင်းမဟာသွင် ဂရုစိုက်တာ မျိုးဆက်ပဲ။ သူ့ရဲ့မျိုးဆက်က ဆိုင်းခေတ်သွင် တစ်ယောက်ပဲရှိတာ။ ဆိုင်းခေတ်သွင်ကလည်း သူ့မျိုးဆက်ကို ချန်ကိုချန်ရမယ်။

" ယောက်ျားတစ်ယောက်က ကလေးမွေးနိုင်လို့လား ခေတ်သွင် "

" ကျနော် ဂရုမစိုက်ဘူး "

" ငါကတော့ ဂရုစိုက်တယ်..မင်း မကြာခင် လက်ထပ်ရမယ်..ပြင်ဆင်ထား "

မျိုးဆက်လိုချင်တာပဲ..ဒီခေတ်ကြီးမှာ လွယ်လွယ်လေး..ကလေးမွေးစားမလား ရတယ်..ဒါပေမယ့် ကိုယ့်သွေးသားအစစ်ကို လိုချင်တာမလား...ဒါဆို အငှားကိုယ်ဝန်ဆောင် ခိုင်းမလား...ရတယ်..ဒါပေမယ့် ကလေးဆ်ိီကို ဆက်ဆံလာမယ့် မိခင်ရဲ့ စရိုက် ၊ အမူအကျင့် ၊ အသိုင်းအဝိုင်း စတာတွေက အရေးကြီးသည်။ အမျိုးကောင်းသမီးဆိုတာ ကောင်းမွန်တဲ့ပတ်ဝန်းကျင်က လာတာ။ ကောင်းမွန်တဲ့ပတ်ဝန်းကျင်က မိန်းကလေးတစ်​ယောက်ဟာလည်း အငှားကိုယ်ဝန်ဆောင်အလုပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ အဲ့တော့ ကြုံရာကျပန်း မိန်းမဖြစ်ရင်ပြီးရောဆိုပြီး အငှားကိုယ်ဝန်ဆောင်ခိုင်းလို့မဖြစ်ပေ။

SENG (Paraplegia)Where stories live. Discover now