Part_32

3.5K 324 6
                                    

ဒီရက်တွေအတွင်းမှာ ဆိုင်းခေတ်သွင်ရဲ့ နောက်ကနေ အဲရစ်ယံက သူဘယ်သွားသွား လိုက်ပြီးစောင့်ကြည့်နေခဲ့သည်။ ဝသာန် အလုပ်ထွက်သွားတာကိုလည်း သိပြီး ဦးဆိုင်းမဟာသွင် မြန်မာနိုင်ငံပြန်ရောက်နေတာလည်း သိထားသည်။

ဆိုင်းခေတ်သွင်ရဲ့​နောက်ကနေ လိုက်ရင်း နန်းတော်ဆေးရုံတွင် ဦးဆိုင်းမဟာသွင်၏နာမည်နဲ့ လူနာ စာရင်းကို တွေ့ခဲ့သည်။ ပိုင်ဆိုင်မှုတွေ ၊ လုပ်ငန်းတွေအားလုံးက အခုဆို ဦးဆိုင်းမဟာသွင်နဲ့ မသက်ဆိုင်တော့တာကြောင့် ထိုအဖိုးကြီးကို အဲရစ်ယံ စိတ်မဝင်စား။ သူချဥ်းကပ်မှာက ဆိုင်းခေတ်သွင်ကိုပဲ ဖြစ်သည်။

နောက်ပြီး နိုင်ငံခြားသားတစ်ဝက်ဖြစ်တဲ့အလျောက် အဲရစ်ယံ၏ မျက်လုံးထဲတွင် လိင်တူချစ်ကြိုက်မှုက မြင်ရတာ မဆန်းကြယ်။ ယောက်ျားတစ်ယောက် ဂေး လား မဂေး လား ဆိုတာကိုတောင် မျက်လုံးအကြည့်ကနေ ခွဲခြားနိုင်သည်။

ပထမတစ်ခေါက် ပါရမီစံအိမ်မှာ အဲရစ်ယံ တည်းတုန်းက ဝသာန့်အပေါ်ကြည့်တဲ့ ဆိုင်းခေတ်သွင်ရဲ့ မျက်လုံးတွေ မရိုးတာ သတိထားမိခဲ့သည်။ ဝသာန်ကရော ယောက်ျားချင်းစိတ်ဝင်စားသလားသိချင်တာကြောင့် သူ ချဥ်းကပ်ကြည့်ခဲ့သေးသည်။

အခု တစ်ကြိမ် မြန်မာနိုင်ငံကို သူရောက်လာတဲ့အခိုက်မှာတော့ ထိုနှစ်ယောက်ကြားက ထင်ရှားတဲ့ဆက်ဆံရေးကို တိတိကျကျသိလိုက်ရလေပြီ။ ဆိုင်းခေတ်သွင်က ဝိုင်းဝသာန်အပေါ်မှာ အလူးအလဲ ကျရှုံးနေတာ။

ဒါကပဲ အဲရစ်ယံအတွက် အခွင့်အရေးဖြစ်လာလိမ့်မည်။ ပြစ်ချက်မရှိတဲ့ လူတစ်ယောက်ကို အပြစ်ရှာရခက်သလို၊ အားနည်းချက်မရှိတဲ့ လူတစ်ယောက်ကိုလည်း ထိုးနှက်ရ ခက်သည်။ အခု ဆိုင်းခေတ်သွင်ရဲ့ အားနည်းချက်က ဘာလဲ သိပြီမို့လို့ လိုချင်တာကို ရလိုလျှင် အညှာက ကိုင်ပြီး ဖြုတ်ချလိုက်ရုံသာ။

ခင်မမတို့ ပထမဆုံးနေသော တိုက်ခန်းသည် လစာများလွန်း၍ မတတ်နိုင်တော့တာကြောင့် ပိုပြီးသေးငယ်တဲ့ပျဥ်ထောင်အိမ်လေးတစ်လုံးကို ပြောင်းငှားခဲ့ရသည်။

ခင်မမကတော့ ဘယ်နေနိူင်မလဲ။ တစ်နေ့တစ်နေ့ အဲရစ်ယံကို တစ်ခုခုလုပ်ပါဦးဟု နားပူနားဆာ။ ရပ်ကွက်ထဲမှာ သူတို့ကို အသစ်ပြောင်းလာတဲ့ လင်မယားဟုထင်ပြီး ရင်းနှီးချင်လို့ လာနှုတ်ဆက်ကြသူများရှိသည်။ သို့သော် ခင်မမက သူ့စိတ်ထဲမှာ သူ့ကိုယ်သူ သူဌေးမ ဟုပဲ စွဲနေတာကြောင့် အခြေခံလက်လုပ်လက်စားများအား မတူသလို မတန်သလို ဆက်ဆံမိလျှင် သူတို့အား ဘယ်သူကမှ အဖက်မလုပ်ကြတော့။

SENG (Paraplegia)Where stories live. Discover now