“Omma အဲ့လိုမလုပ်ပါနဲ့ ပြန်ဆင်းလာပါနော်
အီးဟီးဟီး ပြန်ဆင်းပါနော်"
အသက်၁၂နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ငိုရှိုက်သံ။သို့သော် ကလေးမလေးရဲ့အမေဖြစ်သူမှာ ကလေးမလေးကိုညိုးနွမ်းစွာပြုံးပြနှုတ်ဆက်ပြီး ခြေလှမ်းကိုရှေ့ကိုသာဆက်လှမ်းနေလေသည်။သူမ၏မျက်နှာမှာလည်းမျက်ရည်များကအထိန်းအကွပ်ကင်းမဲ့စွာကျဆင်းလျက်။လက်နှစ်ဖက်ကိုဖြန့်ကားပြီး ခြေအစုံဟာ လေဟာနယ်ထဲသို့ ရောက်သွားချိန်ဝယ်
“Omma!!!!"
ကလေးမလေးရဲ့အော်ဟစ်သံကိုပင်ကြားချိန်မရလိုက်။ခန္ဓာကိုယ်တစ်ခုလုံးမြေပြင်ပေါ်သို့
အရှိန်အဟုန်ပြင်းထန်စွာ ကျရောက်ပြီးနောက် မျက်လုံးထဲမှာတော့အမှောင်ထုကြီးကကြီးစိုးလေပြီ။မြေပြင်တစ်ဝိုက်မှာတော့
နီစွေးစွေး သွေးအိုင်ကြီးအဖြစ် မြင်ရသူတိုင်းသွေးပျက်ဖွယ်ကောင်းအောင်ခြောက်ခြားစရာ။
ရုတ်တရက်မြင်ကွင်းမှပျောက်ကွယ်သွားသော အမေထံပြေးလွှားရင်း မြေပြင်ေပါ်တွင်တွေ့လိုက်ရသော အမေဖြစ်သူ၏
ငြိမ်သက်နေသော ရုပ်အလောင်းကိုမြင်လိုက်ရသောအခါ....
“Omma!!!!"
Kim Jisoo အော်ပစ်လိုက်သည်။မဟုတ်သေး
သူမအိမ်မက်ဆိုးမက်ပြန်ပြီပဲ။ထိုအိမ်မက်ဆိုးက သူမအားအမြဲလိုလို ခြောက်လှန့်နေဆဲ။တစ်ကိုယ်လုံးလည်းချွေးတွေရွဲနစ်လို့။အနီးရှိစားပွဲခုံပေါ်ကဖုန်းကိုယူပြီးအချိန်ကြည့်တော့ မနက်တစ်နာရီခွဲသာရှိသေးသည်။ ရေခဲသေတ္တာထဲရှိရေဘူးကိုယူပြီးသောက်တော့မှ ပူလောင်မှုကခဏတာ ငြိမ်းအေးသွားသည်။စိတ်ကိုငြိမ်အောင်လျော့ချပြီးပြန်အိပ်ပျော်စေရန်ကြိုးစားလိုက်ပေမယ့်
မိမိငယ်စဉ်ကကြုံခဲ့ရတဲ့ နာကျင်မှုဒဏ်ရာဟောင်းများက မျက်လုံးထဲကမထွက်။
⏩⏩⏩⏩
Jisoo၏ဖခင်ဖြစ်သူ Mr Kimသည်ရုပ်ရည်ကလည်းခန့်ငြားပြီး မိသားစုနောက်ခံကလည်းကြွယ်ဝလွန်းသဖြင့် အမိဖမ်းချင်သူကဒုနဲ့ဒေး။Jisoo၏Ommaသည် Kimအိမ်တော်ကြီးတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးဖြစ်သည်။Ommaနဲ့Appa ချစ်သူဖြစ်သောအခါ Appa၏မိဘများကသဘောမတူခဲ့။
Mrs.Maryဆိုသောမိန်းမနှင့်အတင်းပေးစားရန်ကြံစည်သဖြင့် Ommaကိုခိုးပြေးကာလက်ထပ်ပေါင်းသင်းခဲ့သည်။
YOU ARE READING
မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]
Romanceတတ်နိုင်သလောက်ကြိုးစားပြီးကောင်းအောင်ရေးထားပေမယ့်အဆင်မပြေရင်သည်းခံပြီးဖတ်ပေးပါ💜💙
![မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]](https://img.wattpad.com/cover/295035381-64-k721952.jpg)