💙8💜

744 93 2
                                        

“မနေ့ကချယ့်ကိုMarket မှာတွေ့တယ်
Li Li"

“ဟုတ်ရဲ့လား Jenရယ် အမြင်များမှားနေတာလား "

“မှားစရာမရှိဘူး မနေ့ကမျက်စိနဲ့ကိုတပ်အပ်မြင်ခဲ့တာ အဲ့တာနဲ့ ချယ့်နားသွားဖို့ ပြေးတုန်းမှာဟိုလူနဲ့တိုက်မိပြီး ပြဿနာဖြစ်သွားတာ
မဟုတ်ရင် Jenသူ့အနားကို ရအောင်သွားမှာ"

တန်ဖိုးထားရသောပစ္စည်းတစ်ခုကိုပြန်တွေ့သလို ဝမ်းသာအားရနဲ့Jen ပြောနေပေမယ့်
Lisaကတော့ Chaeနောက်တစ်ခါပြန်လာမှာကို စိုးရွံ့မိသည်။သူသာပြန်လာရင်  Lisa သိပ်ချစ်ရတဲ့ Jenကသူ့ကိုပဲအရေးပေးမှာကိုမလိုချင်ပါ။ ပြီးတော့ လုပ်ငန်းစုကိုLisaဦးဆောင်ဖို့အတွက်စီစဉ်ထားပေမယ့် မိဘများက အချိန်မရောက်သေးဟုဆိုကာ
Mr.Lee nobanကခဏတာ ထိန်းချုပ်ထားသည်။အကယ်၍ Chaeသာအချိန်မှီမပေါ်လာရင် လုပ်ငန်းစုကLisaရဲ့ဦးဆောင်မှုအောက်မှာပဲ ရှိနေရမည်။ ပြီးတော့ Lisaသိပ်ချစ်တဲ့Jenအနားမှာလည်း ဆက်ပြီးနေခွင့်ရတော့မှာမဟုတ်ဘူး။အခုတောင် Chaeကိုစိတ်ပူလွန်းသော Jenကိုအားပေးနှစ်သိမ့်နိုင်လို့သာ အနားမှာဂရုစိုက်ခွင့်ရခြင်းဖြစ်သည်။
Chaeပြန်လာရင် Lisaဆိုတဲ့လူတစ်ယောက်ကို Jen စိတ်ကူးထဲပင်ထည့်တော့မည်မဟုတ်။ Lisaမျှော်လင့်တာက အချိန်ကြာလျှင် Chaeကိုမေ့ဖျောက်နိုင်ပြီး Lisaရဲ့
အချစ်ကို Jen အသိအမှတ်ပြုလာမည်ကိုသာ။ဘာလို့များဒီအချစ်တွေကို မမြင်နိုင်တာလဲ Jen ရယ်။

“Li Li "

“Li Li"

“ဟင်..အင်း ပြောလေ Jen"

“ဘာတွေတွေးနေတာလဲ ခေါ်နေတာကြာပြီ "

“Chaeအကြောင်းကို စဉ်းစားမိလို့ပါ"

“အဲ့တာ‌ေတွထားဦး အပြင်သွားချင်လို့"

“ဘယ်သွားချင်လဲ ပြော Jenပျော်မယ်ဆိုရင် Li Li ဟိုး ကမ္ဘာဆုံးထိကိုလိုက်ခဲ့မှာ"

“ခိခိ ပြောတတ်လိုက်တာ ကမ္ဘာဆုံးထိမသွားချင်ပါဘူး လောလောဆယ် ကစားကွင်းသွားမယ် Rollar သွားစီးရအောင်"

“ဖြစ်ပါ့မလား Jenကအမြင့်ကြောက်တာကို ပြီးရင်မူးပြီးနေရခက်ဦးမယ်"

“ကြောက်တာနဲ့မစီးရတော့ဘူးလား Li Liနော် ခုနကပဲ ‌ဘယ်နေရာသွားသွား ဘာလုပ်လုပ်လို့ပြောထားပြီးမှ ဘာလဲ ငြိုငြင်တာလား"

မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]Where stories live. Discover now