💙4💜

828 94 2
                                        

ဘာကြောင့်မှန်းမသိ။Chaeဒီနေ့အိမ်အပြန်လမ်းမှာစိတ်က လေးသလိုလို။ခါတိုင်းပြန်နေသလိုပေါ့ပေါ့ပါးပါးမခံစားရပေ။ဒီနေ့အလုပ်မှာအာရုံစိုက်တာများသွားလို့လား။အရင်င်ကလည်းဒီထက်ခက်ခဲတဲ့အလုပ်တွေတောင် ပိုပြီးအာရုံစိုက်ပြီးလုပ်ခဲ့တာပဲ။မသိတော့ပါ။ကားကိုသာအာရုံစိုက်ကာဂရုတစိုက်မောင်းနှင်လာခဲ့သည်။ ရုတ်တရက်ခေါင်းထဲကထိုးကိုက်လာသလို သတိမထားမိချိန်မှာမျက်နှာချင်းဆိုင်ကမောင်းလာတဲ့ ယာဉ်တစ်စီးနှင့်တိုက်မိလုနီးပါးဖြစ်သွားသည်။

Chaeစိတ်ထဲထိတ်ကနဲဖြစ်သွားပြီး ကားစတီရင်ယာကို အရှိန်နဲ့ဆွဲလှည့်မိချိန်မှာကားကဦးတည်နေတာ ဟန်မြစ်ရှိရာဆီ။ကားကိုစိုးရိမ်တကြီးဘရိတ်အုပ်ဖို့ကြံတော့ကားက ဘရိတ်မမိတော့။မနက်ကပင်အကောင်းကြီးဖြစ်နေသောကား အခုမှဘာထဖြစ်တာလဲ။
ဖြတ်ကနဲအတွေးထဲမြင်လာတာက Minhoသာ။သူသာရှိရင် Chaeလုံခြုံဦးမှာ။
အတွေးမဆုံးခင် ကားလေးကမြစ်ထဲကို ထိုးကျသွားလေသည်။

Chaeကားထဲကခုန်ဆင်းဖို့ကြံမိသော်လည်းအချိန်မမှီတော့။တကယ်တော့ Chaeရေကြောက်သည်။ခုတော့ရေ‌ေကြာက်သူကိုမှရေထဲထိုးကျရတဲ့ကံကြမ္မာဆိုး။ရေထဲမကျျပဲတခြားနေရာကိုထိုးကျလျှင်တောင် Chaeကံတရားကိုကျေးဇူးတင်မိဦးမှာ။အခုတော့..

💜💜💜💜
Sooဒီနေ့အလုပ်များကိုအမြန်အပြီးသတ်ပြီးအိမ်ကိုပြန်ရန် အလောတကြီးလုပ်နေမိသည်။မလောလ်ို့လည်းမရ။မိုးလေဝသအစီအစဉ်ကယနေ့မိုးသည်းပြီး‌မုန်တိုင်းကျမယ်ဆိုတာကြေညာထားတာ။အလုပ်ပြီးတော့အိမ်ပြန်ဖို့ပြင်ဆင်တုန်း

“Soo အစ်မကိုတစ်ခုလောက်ကူညီပါလား"

Sooနဲ့အလုပ်တူတူလုပ်တဲ့အစ်မတစ်ယောက်က ပြောလိုက်ခြင်း။

“ဟုတ် ကူညီနိုင်တဲ့ ကိစ္စဆိုရင်ကူညီပေးမယ်
အစ်မမှာဘာအခက်အခဲရှိတာလဲ"

“အစ်မအမေကနေမကောင်းတဲ့လူမမာတစ်ယောက်ပါ သူ့အတွက်အပြန်ဆေးဝင်ဝယ်ပေးရမှာ ဆေးကလည်းကုန်နေပြီ ဆေးသောက်ပြီးအသက်ဆက်နေရတဲ့အမေ့ကိုဆေးဝယ်ပေးချင်လို့ ‌ခုထက်နောက်ကျရင်ဆေးဆိုင်တွေပိတ်သွားမှာစိုးလို့ အစ်မအစား စာရင်းစစ်ပေးလို့ရမလား"

မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]Место, где живут истории. Откройте их для себя