တစ်ပတ်ဆိုသောအချိန်ကာလကိုကျော်ဖြတ်ပြီးနောက် Jenလည်းကိုးရီးယားသို့ပြန်လည်ရောက်ရှိခဲ့သည်။ဆိုးလ်းမြို့၏အလှသည်ပြောင်းလဲမသွား။ဆိုးလ်မြို့ကိုပြန်လည်ရောက်ရှိလာသော Jenသာလျှင်ပြောင်းလဲခဲ့သည်။ယခုတစ်ခေါက်ပြန်လာခြင်းသည် သိပ်ချစ်ရသော Lisaအတွက်ဟုဆိုလျှင်လည်းမမှား။Lisaအတွက်ကျေနပ်လောက်သောအဖြေကိုလည်းပေးရန်အသင့်ဖြစ်နေသည်။
တစ်ဖက်တွင်လည်း Lisaတစ်ယောက်လေဆိပ်မှာ ခေါင်းမူးနောက်လောက်အောင် Jenကိုစောင့်မျှော်နေသည်။ Lisaက လူများသောနေရာ လူရှုပ်သောနေရာများကိုကြိုက်နှစ်သက်သူမဟုတ်။လေဆိပ်တွင်လူများစွာတွေ့မြင်နေရသည်။သို့သော် Jen မပါသေး။ကိုယ်တိုင်လာကြိုမည်ဟုေသချာပြောထားသဖြင့် ပြန်နှင့်တာတော့မဖြစ်နိုင်။
စိတ်တွေလည်းပူလှပြီ။Jenကသေးသေးလေးမို့ လူတွေကြားထဲမှာ ပျောက်နေသလားမပြောတတ်။အချိန်အတော်ကြာစောင့်ပြီးနောက်..
တွေ့ပါပြီ။ပိစိလေးကအများကြားထဲမှာတကယ်ကိုထင်းနေသည်။မျက်မှန်မဲကြီးနှင့်မို့စတိုင်က ခပ်ချေချေဖြစ်နေသလို။အပေါ်က သားရေဂျာကင်အမဲနှင့်ဂျင်းပင်ဘောင်းဘီကိုမှအမဲရောင်ဝမ်းဆက်နှင့်မို့သိသာနေခြင်းပင်။ချက်ချင်းပဲအပြေးသွားကာ..
“Jen ရယ် လာရောလာပါ့မလားလို့ စိတ်ပူလိုက်ရတာ ပေး ပေး..Li Liသယ်ပေးမယ်"
Jenလက်ထဲကခရီးဆောင်အိတ်ကိုလှမ်းယူရင်း စိတ်ပူစွာပြောနေတဲ့ Lisaကိုကြည့်ပြီး Jenပြုံးမိသည်။ ဒီလိုချစ်ဖို့ကောင်းတဲ့ကောင်မလေးကို ပိုင်ဆိုင်ရဖို့ဆို ဘာပဲလုပ်ရလုပ်ရ အခုချိန်မှာ Jenမကြောက်တော့ပါ။
“ Li Liကအမြဲတမ်း Jenအပေါ်ဆိုအနွံတာခံတာပဲနော် Jenရှက်မိတယ်သိလား"
“မရှက်ပါနဲ့ ဒီလူကတစ်သက်လုံး Jenအတွက်ဆို မပြောင်းလဲပါဘူး ဘာဖြစ်ဖြစ်Jenသဘောအတိုင်းပဲဖြစ်စေရမယ်
ဒါကြောင့်မလို့ အခုကစပြီး အားမနာပါနဲ့ နောက်ဆိုရင် ချစ်သူတွေဖြစ်တော့မှာပဲကို
ဟီး ဟီး"
“Liနော် ဘာတွေပြောနေမှန်းမသိဘူး ပြန်ကြမယ် Ommaတို့စောင့်နေလောက်ပြီ"
ESTÁS LEYENDO
မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]
Romanceတတ်နိုင်သလောက်ကြိုးစားပြီးကောင်းအောင်ရေးထားပေမယ့်အဆင်မပြေရင်သည်းခံပြီးဖတ်ပေးပါ💜💙
![မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]](https://img.wattpad.com/cover/295035381-64-k721952.jpg)