ညကသောက်တာများလွန်းသွားလို့ထတာနဲ့တစ်ပြိုင်နက်ခေါင်းထဲကနေတဆစ်ဆစ်နဲ့ကိုက်နေသည်။Lisa ဘေးမှာလည်းကောင်မလေးတစ်ယောက်အိပ်မောကျနေသေးသည်။ဒီကောင်မလေးကဘာလားဟ။
ငါ့အိမ်ထိလာရုံမကဘူး။ငါ့ဘေးမှာပါလာအိပ်နေတယ်။အိမ်မှာခြံစောင့်တွေရှိပါရက်နဲ့ ဘယ်အပေါက်ကနေခိုးဝင်လာတာလဲ။ငါလည်းမခေါ်အိပ်ပါဘူး။ကိုယ့်ကိုတောင်အိပ်ဆိုးကြီးရလို့မဆန့်တာ ဒီကောင်မလေးကပါငါ့ဘေးမှာလာအိပ်နေတယ်။မဖြစ်ဘူး။
မြန်မြန်နှိုးပြီးပြန်ခိုင်းရမယ်။Ommaနဲ့Appaသိရင်ငါသေမှာ။
ပြီးတော့ မတော်လို့Jenများရုတ်တရက်
ေရာက်လာပြီးငါ့ကိုတစ်မျိုးထင်သွားရင် အားးးး ချီးပဲ။
“ဟေ့ ဟေ့ ထဦး "
“အွန်း ဘာလဲဟာ အိပ်လို့ကောင်းနေတာကို"
ငြီးငြူပြောဆိုပြီးခေါင်းကဟိုဘက်တောင်လှည့်လိုက်သေးတယ်။အိပ်ပုတ်ကြီးလိုက်တာ။ကောင်မလေးကမမြင်နိုင်ပေမယ့် Lisaကတော့မျက်စောင်းတွေပစ်ထိုးလို့။
နေဦး။ငါ့အိပ်ယာကဒီလောက်နူးညံ့တာကို
ဘာလို့ခုမှမာတောင့်နေတာလဲ။အေးလည်းအေးလိုက်တာ။မျက်နှာကျက် ကလည်း ကြည့်ရဆိုးလိုက်တာ။
(အမှန်တော့အိပ်ရင်း နှစ်ယောက်သားမထိန်းနိုင်တာနဲ့ကြမ်းပြင်ပေါ်မှာပဲအိပ်စက်ခဲ့ရခြင်း)
မျက်လုံးကအိပ်ချင်မူးတူးနဲ့အထင်တွေမှားနေသော Lisa။ညကမူးမူးနဲ့ သူများအိမ်မှာအိပ်ပြီး မနက်ကျသူ့အိမ်မှာလူများကလာအိပ်တယ်ဖြစ်ရော။
မျက်လုံးကိုမရမကဖွင့်ပြီး Phoneကိုကြည့်လိုက်တော့ 9:00AM ။ဘုရားရေ။ဒီလောက်ထိအိပ်ပျော်သွားခဲ့တာလား။အသိစိတ်လေးကပ်ပြီးစဉ်းစားတော့မှ မနေ့ကစိတ်ညစ်ညစ်နဲ့Sooအိမ်ကိုရောက်ချလာပြီး သောက်ခဲ့တာ။Chaeနဲ့Jenကိုတွေ့ပြီး စိတ်ဆိုးဆိုးနဲ့ထွက်လာမိတာ။သွားပြီ။ငါဘာတွေအရူးထမိတာလဲ။
Jenငါ့ကိုစိတ်များဆိုးသွားပြီလား။Ommaတို့လည်းစိတ်ပူနေတော့မယ်။Jisooဆိုတဲ့ကောင်မလေးကလည်း သောက်တာတားမယ်မရှိဘူး။သူပါလိုက်သောက်ထားတဲ့ရုပ်။
မဖြစ်ဘူးပြန်မှရမယ်။
စားပွဲပေါ်မှာစာလေးတစ်စောင်ထားခဲ့ပြီးအိမ်ကိုအပြေးသာပြန်ခဲ့ပါသည်။ထိုစာမှာ
ВЫ ЧИТАЕТЕ
မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]
Любовные романыတတ်နိုင်သလောက်ကြိုးစားပြီးကောင်းအောင်ရေးထားပေမယ့်အဆင်မပြေရင်သည်းခံပြီးဖတ်ပေးပါ💜💙
![မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]](https://img.wattpad.com/cover/295035381-64-k721952.jpg)