“ဘာ!!"
“ဟုတ်ပါတယ် ကျမကဒီလုပ်ငန်းစုရဲ့ဦးဆောင်သူ Park Chaeyoung ပါ
တွေ့ရတာဝမ်းသာပါတယ်"
လက်ကိုရှေ့သို့ဆန့်ပြီးပေးလာတဲ့ Park Chaeyoungဆိုတဲ့လူကြောင့် Sooဘာလုပ်ရမှန်းမသိအောင်ကို ဆွံ့အသွားရသည်။
အခုလိုသူစိမ်းဆန်သွားမယ်လို့လည်းမထင်ထားမိတာလည်းပါသည်။Sooမှာတော့ သူပျောက်သွားတုန်းကရှာလိုက်ရတာ။ငိုလိုက်ရတာ။အခုတော့လည်းဟာသတစ်ခုလိုပါလား။
အရင်က အတူနေ အတူစားခဲ့တဲ့ ရွှေငါးလေးဆိုတဲ့လူတစ်ေယာက်ကအခုတော့ Sooကိုတောင်လက်ဆွဲနှုတ်ဆက်နေတဲ့ CEOတစ်ယောက်ဆိုတာမယုံနိုင်လောက်အောင် ပြောင်းလဲခဲ့ပြီ။
“Soo ပြန်နှုတ်ဆက်လိုက်လေ CEOလက်ညောင်းနေတော့မယ် ဘာတွေငေးနေတာလဲ"
Lisaလက်တို့ပြီးသတိပေးတော့မှ အတွေးတွေကိုဖြတ်ကာ
“ဟုတ် ဝမ်းသာပါတယ်"
Chaeအမှန်တော့ အားရပါးရဖက်ပြီးသတိရကြောင်းတွေပြောချင်ခဲ့တယ်ဆိုတာသိလား။
ဒါပေမယ့် မရဲဘူးဖြစ်နေတယ်။ပြောဖူးပါတယ်။Kim Jisooဆိုတာ အမှန်တရားကိုမြတ်နိုးတဲ့သူမို့လိမ်ရတာလိပ်ပြာမလုံပါဘူးဆိုတာ။Soo ကိုလိမ်ချင်လို့လိမ်ခဲ့တာမဟုတ်ရပါဘူး။လုပ်ငန်းစုကိုပြန်လို့မဖြစ်သေးတာကတစ်ကြောင်း ပြီးတော့ Sooကိုချစ်မိနေတာကြောင့်အနားမှာနေချင်ခဲ့တာကတစ်ကြောင်း။Sooမောင်းထုတ်ခဲ့တဲ့အချိန်ကဘယ်လောက်နာကျင်ခဲ့ရတယ်ဆိုတာ သိလား။ Sooေပြာခဲ့တဲ့စကားတွေက Chae နှလုံးသားကိုဓါးတစ်ချောင်းနဲ့မွှန်းနေတာထက်ပိုပြီး နာကျင်ခဲ့ရတယ်။ဒါပေမယ့်မမုန်းခဲ့ပါဘူး။Sooစိတ်ချမ်းသာဖို့အတွက်ကြောင့် အနားကမသွားချင်ပဲ ထွက်သွားခဲ့ရတာလေ။
“ဒါဆိုရင် Kim Jisooအလုပ်အင်တာဗျူးဖို့လာတာဆို"
“ဟုတ်ပါတယ် အရင်အလုပ်ကအဆင်မပြေတာမို့ထွက်လိုက်တာပါ အခုLisaက ဒီလုပ်ငန်းစုမှာ လူလိုအပ်နေတယ်ဆိုလို့ လာခဲ့တာပါ"
“ရုံးခန်းထဲလိုက်ခဲ့ပေးပါ Lisaကတော့ လုပ်စရာရှိတာဆက်လုပ်ပါ "
“ဒါဆို သွားလိုက်ဦးမယ်နော် အဆင်ပြေပါစေနော် Soo See you"
Lisaထွက်သွားပြီးတဲ့နောက် အင်တာဗျူးဖြေရန် Chae၏ရုံးခန်းသို့Sooလိုက်သွားပါသည်။Chaeရုံးခန်းက တကယ့်ကိုသားနားပါသည်။ စားပွဲ ထိုင်ခုံ ကွန်ပျူတာ စသည့်လုပ်ငန်းတွင်းသုံး ကိရိယာတွေကလည်းသူ့နေရာနှင့်သူ စနစ်တကျ။မှန်တွေကလည်းပြောင်လက်လို့။
ВЫ ЧИТАЕТЕ
မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]
Любовные романыတတ်နိုင်သလောက်ကြိုးစားပြီးကောင်းအောင်ရေးထားပေမယ့်အဆင်မပြေရင်သည်းခံပြီးဖတ်ပေးပါ💜💙
![မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]](https://img.wattpad.com/cover/295035381-64-k721952.jpg)