💙2💜

1.1K 109 0
                                        

“တီ တီ တီ"
အိပ်လို့ကောင်းနေတုန်းထမြည်လာတဲ့နာရီနှိုးစက်သံကြောင့် Park Chaeyoungအိပ်ချင်မူးတူးနှင့်မျက်လုံးကိုစုံမှိတ်ပြီးခေါင်းရင်း စားပွဲခုံပေါ်ကနှိုးစက်ကိုယူပြီးပြန်ပိတ်လိုက်သည်။မည်သူမဆိုအိပ်ကောင်းသည့်အချိန်မှာဘာသံမှမကြားချင်တာသဘာဝပဲမဟုတ်ပါလား။ငါးမိနစ်လောက်ဆက်မှေးမယ်လုပ်တုန်း

🎤 Look so good and look so sweet
Looking good enough to eat 🎤

Chaeရဲ့ဟန်းဖုန်းလေးကမြည်လာတာကြောင့်ကိုင်လိုက်သည်။နှုတ်ခမ်းအစုံကတော့အလိုမကျစွာ ဆူပုတ်နေလေရဲ့။

“ဟယ်လို အေး Min Ho ပြော "

“သခင်မလေး မေ့နေပြီလား ဒီနေ့လုပ်ငန်းစုမှာအရေးကြီးတဲ့အစည်းအဝေးရှိနေတာကို"

ဟုတ်သားပဲ။မနေ့ကပင်ဝန်ထမ်းများကိုအစည်းအဝေးတက်ဖို့သတိပေးခဲ့တဲ့ကိုယ်တိုင်ကမေ့နေပါလား။တော်သေးသည်။
ဘယ်အရာမဆို စိတ်ချယုံကြည်ရသည့် Minhoဆိုသည့်လက်ထောက်မန်နေဂျာလေးရှိနေ၍အားကိုးရသည်။Minhoသည်သစ္စာရှိသောလက်‌ေထာက််ကောင်းတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်လေChaeဆုံးဖြတ်မရဖြစ်သည့်ကိုယ်ရေးကိုယ်တာကိုပါ ဝင်ရောက်အကြံပေးဖြေရှင်းပေးသဖြင့်အစ်ကိုတစ်ယောက်လိုအားကိုးရသည်။

“အင်း Chaeမေ့သွားလို့ပါ သတ်ိပေးတာကျေးဇူးပဲနော် ဒါဆိုChaeရေမိုချိုးပြင်ဆင်လိုက်ဦးမယ် ခနနေလောက် လာကြိုလိုက်ပါ"

“ဟုတ်ပြီ Chaeလေ ဒါဆိုမြန်မြန်လုပ်နော် ဒါပဲ"

“အင်း"

ဖုန်းချပြီးအိပ်ရာမှထကာ ရေချိုးခန်းထဲသို့ရေချိုးရန်ဝင်လိုက်သည်။ရေမိုးချိုးပြီးနောက်ဆံပင်ကိုခြောက်အောင်လေမှုတ်ပြီး Chaeအကြိုက်ဆုံးအရောင်ဖြစ်သည့် မိုးပြာရောင် ဘောင်းဘီရှည် အထဲကဝတ်ရန်
ရှပ်အကျီဖြူလက်ရှည်တစ်ထည်နှင့် မိုးပြာရောင် ကုတ်အကျီရှည်ကိုဘောင်းဘီနှင့်လိုက်ဖက်စွာ ဆင်တူဝတ်ဆင်လိုက်သည်။
Chae၏ဆံပင်မှာ ခါးလယ်လောက်ရှည်ပြီး
ကာလာကိုရွှေအိုရောင်ဆိုးထားသည်။ဖြူဝင်းသောအသားအရေနှင့် ရွှေအိုရောင်ဆံနွယ်ရှည်မှာအတန်ငယ်ရှည်ပြီးချွန်သည့်သူမမျက်နှာလေးနှင့်အချိုးအစားလှပစွာ လိုက်ဖက်လွန်းနေသည်။ချွန်သည့်မျက်နှာထက်မှာရှည်လျားပြီးလှပသောမျက်ခုံးမွှေးကနေရာယူထားပြီးမျက်လုံးများကလည်းတည်ငြိမ်သူတစ်ယောက်ဖြစ်မှန်း တစ်ခါကြည့်ရုံနှင့်လူကိုအသည်းထဲထိစိမ့်သွားအောင် သိမ်းငှက်တစ်ကောင်၏မျက်လုံးပမာစူးရှလွန်းလှသည်။

မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]Where stories live. Discover now