Part-1 (Zawgyi & Unicode)

135K 1.8K 44
                                    

Unicode

နေရောင်လွှလွှအောက် ဘောလုံးနဲ့အတူ ယိမ်းနွဲ့ရင်း မမောနိုင်၊မပန်းနိုင် ပြေးလွှားနေမိသည်။ သူမပြေးသွားတိုင်း လိုက်ယိမ်းသွားသည့်လွှမ်းရဲ့ ညိုတတဘက်‌ရောက်နေသည့်ခြေသလုံးသွယ်သွယ်တွေက စွဲမက်ဖွယ်အတိဖြစ်သည်။ ကျောင်းပွဲဖြစ်ပေမယ့်လည်းအမြဲရှုံးနေကျ ဖြစ်သည့် လွှမ်းတို့အသင်းဘက်ကို တစ်ဖက်အသင်းကဖိအား ပေးကာကန်လာကြသည်။

"ဆွဲသွား!...ရေး!...ပိတ်သွင်းလိုက်တော့။...."

"ဂိုးလ်...ရေး!...ဒါမှငါတို့ လွှမ်းကွ"

"လှလိုက်တဲ့ ကန်ချက်ကွာ။"

ကွင်းဘေးက အသင်းရဲ့နည်းပြက ပျော်ရွှင်စွာ အောင်ပွဲခံလို့နေသည်။ အသင်းဖော်တစ်ချို့ လွှမ်းနားအောင်ပွဲလာခံပြီးသည်နဲ့၊ ပွဲကို ပြန်စတင်ခဲ့ကြသည်။ လွှမ်းရဲ့အဖိုးတန် ချေပဂိုးလ် ကြောင့်လွှမ်းတို့အသင်းရှုံးနေရာမှသရေအနေအထားသို့ ပြန်ရောက်သွားရသည်။ တစ်ဖက်အသင်းကလည်း သရေကျသွားသည့်အခါ ပို၍ပင်ညစ်ကစားလာသည်မို့ လွှမ်းရဲ့ဂျာစီအဖြူမှာ ရွှံ့တွေပေတလူကာ ညစ်ပက်လာရသည်။

ပွဲပြီးနောက်နှစ်ဖက်အသင်းမျှမျှတတဖြစ်သည့် သရေ ရလဒ်သာပိုင်ဆိုင်ခဲ့ကြရသည်။ တစ်ဖက်အသင်းရဲ့ ကစားသမားတွေနဲ့လွှမ်းတို့အသင်းကသူ‌တွေ ယဉ်ကျေးမှုအရ နှုတ်ဆက်ပြီးနောက် လွှမ်းရဲ့အသင်းဖော်တွေနဲ့အတူ ကွင်းပြင်ထွက်လာခဲ့လိုက်သည်။ တစ်ဖက်အသင်းကလူတွေက လွှမ်းခက်ချိုဆိုတဲ့တိုက်စစ်မှူးကိုဆိုသူတို့ အသင်းရဲ့ကစားသမားအဖြစ် မြင်ချင်ကြသည်မှာကျိန်းသေပင်ဖြစ်သည်။ လွှမ်းကထိုမျှအထိ ဘောလုံးမှာ သိပ်ထူးချွန်သည်။

****

*အို!...shit ရောက်နေပြီဘဲ။*

လွှမ်းစိတ်ထဲကနေ ပြောလိုက်မိသည်။လွှမ်းခြံရှေ့ခြေချ ရပ်မိသည်နဲ့မြင်လိုက်ရသည့် KIA တံဆိပ်အနက်ရောင် ကားကြောင့်
ပြန်ရောက်နေမှန်း သိလိုက်သည်။ ဥရောပမှ တိုက်ရိုက်တင်သွင်းထားသည့် အမာခံမှန်တို့နဲ့တည် ဆောက် ထားသည့်ဒီအိမ်ဟာနေချင်စဖွယ် အတိဖြစ်သည်။ အိမ်ထဲခြေချလိုက်သည်နဲ့ သန့်ရှင်းတောက်ပြောင်ခြင်းတို့ကို ဦးစွာခံစားရမည်ဖြစ်သည်။ တည်ငြိမ်လွန်းသည့် ဧည့်ခန်အလည်၌ တောက်ပြောင်နေသည့် နို့နှစ်ရောင်ဆိုဖာက ထည်ဝါစွာတည်ရှိနေသည်။ တီဗွီဖလပရှ်ပြားအောက် မီးလင်း ဖိုလေးကလည်း ဆွဲဆောင်မှုတို့အတိုင်းသားရှိနေပြန်သည်။ လှပကာတော်၀င်ဆန်လွန်းတဲ့ မီးဆိုင်းကြီးရဲ့အလင်းဖျာကျမှုကြောင့် တင့်တယ်နေတဲ့ မီးဖိုချောင်ဘက်မှ တဆင့်လွှမ်းရှိရာဧည့်ခန်းဘက်သို့ရောက်လာသည့် ကြက်ဆီပြန် ဟင်းအနံ့လေးက လွှမ်းရဲ့နှာခေါင်းကို မရိုးမရွဖြစ်စေသည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now