Part-13 (Zawgyi & Unicode)

25.9K 920 43
                                    

Unicode

"မင်းတို့ကဘာလာလုပ်တာလဲ?..."

ကားပေါ်ကဆင်းလာလာချင်း မေးလာသည့်သူငယ်ချင်းဖြစ်သူရဲ့ အမေးကြောင့်ဖြိုးဇာ နည်တို့ နင်သွားရသည်။

"ပထမကတော့ မင်းဆီလာတာဘဲ၊ အခုတော့ ငါတို့ကလွှမ်းရဲ့ဧည့်သည်ဖြစ်သွားပြီ။ ဘယ်လိုလဲ လွှမ်း ကိုယ်တို့ကိုဧည့်သည်အဖြစ် လက်ခံတယ်မလား?..."

ပြုံးစစ‌နဲ့ မေးလာသည့်ကိုဖြိုးဇာနည်ကြောင့် လွှမ်း ပြန်ဖြေရမည့်စကားပင်အသေချာစဉ်းစားလိုက်ရသည်။ ကိုဖြိုးဇာနည်ကလွှမ်း လက်မခံ၊ခံအောင် ချောင်ပိတ်မေးနေခြင်းဖြစ်သည်။

"ရပါတယ်။လွှမ်းတို့က ပြောစရာလူတွေမှမဟုတ်တာ။ဒါပေမယ့် လွှမ်းဦးလေးက..."

"သား ဂဏန်းထွက်ယူတာ၊ ဂဏန်းဖြစ်သွားတာလား?"

"ဦးငယ်!..."

ခက်နောင်ချို ဂဏန်းပုံးသွားသယ်တဲ့လွှမ်းလေးကပြန်မလာသေးသည်မို့ ထွက်လာရခြင်းဖြစ်သည်။
အခုတော့ သူတွေ့လိုက်ရသည်က သူတို့ခြံရှေ့မှာ သူ့တူမရယ်၊ မဟာရယ်နဲ့ နောက်လူငယ်နှစ်ယောက်ရယ်ဖြစ်သည်။ ထိုလူငယ်နှစ်ယောရဲ့ပုံစံကလည်း သန့်သန့်ပြန့်ပြန့်ပင်ဖြစ်သည်။

"ဟို!...ဒီကညီတို့က" တိတ်ဆိတ်နေသည့်လေထုကိုသူကဘဲအရင် ဖြိုခွင်းလိုက်သည်။

"ဒါ...ကျွန်တော့်သူငယ်ချင်းတွေပါ၊ ကျွန်တော့်ဆီလာလည်တာကြ။ ဟေ့ရောင်တွေ နှုတ်ဆတ်လိုက်အုန်းလေ။"

"ဟို!..တွေ့ရတာ၀မ်းသာပါတယ်။ကျွန်နော်တို့က မဟာ့သူငယ်ချင်းတွေပါ။ လွှမ်းနဲ့လည်းသိပါတယ်။ ဒါနဲ့လွှမ်းရဲ့အကိုလား"

"ဟာ!...ကိုယ်ကလွှမ်းရဲ့ဦးလေးပါ။ဒါဆို ငါ့ညီတို့က လွှမ်းလေးရဲ့စီနီယာတွေပေါ့"

"ဟုတ်ကဲ့ခင်ဗျ"

"အာ!...အနောက်မှာ ဟင်းအိုးနဲ့မို့ လိုက်ခဲ့လိုက်ကြတော့"

ခက်နောင်ချို...ဟင်းအိုးမီးမပိတ်ရသေးဘဲထွက်လာသည်မို့ ခပ်မြန်မြန်ပင်ပြန်၀င်ရမည်ဖြစ်သည်။

"အို!...ကျွန်တော်တို့ကောလား?..."

ဖြိုးဇာနည်ဆိုသည့်‌ကောင်က အခုမှသိတဲ့လူကိုလည်းမထောက်၊ ချက်ချင်း သူများအိမ်ထဲတန်း၀င်ဖို့လုပ်နေသည်။ မဟာ ဒီကောင့်ကိုလက်ထဲပါလာသည့် ပုလင်းတွေနဲ့ကောက်ပေါက်လိုက်ချင်စိတ်တွေမှ တဖွားဖွားရယ်ပါ။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now