Part-37(Zawgyi & Unicode)

24K 872 150
                                    

Unicode

အလိုမကျ မှုန်ကုပ်ကုပ်မျက်နှာလေးနဲ့ဖြစ်နေသည့်လွှမ်းလေးဟာ မဟာ့ကို အနားတောင်အကပ်မခံပါ။ ဘာတွေဖြစ်ထားလို့လည်း
မသိ၊ သူတို့မိသားစု စကားစမြည်ပြောနေသည့်အချိန်မှာတောင်သူ့နားသို့မကပ်။

"ဒါဆိုလွှမ်းခက်ချိုက အခု Autumn Club မှာကစား‌နေတာပေါ့နော်"

ကိုထွဋ်က ခယ်မတော်ရမည့်လွှမ်းလေးဘက်ကအခုထဲကပင်ဂုဏ်ဖော်ပြနေ‌သည်။ အမမေသက်ထားခင်ကတော့ဒီနေ့မှ ဘာလို့တိတ်နေလဲမသိ မဟာ့ကိုတောင်မကြည့်ပေ။

"ဟုတ်ကဲ့!..."

ကို့ အဖွားကခေါင်းတညှိတ်ညှိတ်နဲ့၊
နား ထောင်ပေမယ့်ကို့အမေကတော့ လွှမ်းကိုမျက်လုံးနဲ့သာတစ်ချက်ဝေ့ကြည့်လာသည်။

"ဒါဆို ကိုထွဋ်လည်းလွှမ်းလေးပါတဲ့ပွဲကိုလာအားပေးအုန်းမှပါလေ။"

"လွှမ်း‌က အကိုနဲ့အမလာမယ်ဆိုပိုပြီးအား တက်မိမှာဘဲ"

လွှမ်းဟာ အမမေသက်ထားခင်ကိုကြည့် ၍ ဆိုလိုက်ခြင်းဖြစ်သည်။ အခုနကကွယ်ရာမှာပြောထားသည်မို့၊ အခုလူတွေရှေ့သူမကိုအမက ဘယ်လိုသ‌ဘောထားလဲ၊ဘယ်လိုစိတ်နေရှိမလဲလွှမ်းသိချင်မိသည်။

"အာ!...ဟုတ်တယ် မေ ကိုယ်တို့လွှမ်းရဲ့ပွဲကိုသွားအားပေးရအောင်"

"အင်း ကိုထွဋ်သဘောလေ"

ကလေးမလေးကကိုထွဋ်လိုစကားနည်းထုံဝေတဲ့လူနဲ့တောင် ပနံသင့်သည်ဆိုတော့၊သူ့မြေးကိုကောင်း ရှာတွေ့ထားတာဟာရတနာလေးဖြစ်ဟန်ရှိသည်။ မိရှင်းသန့်ကိုကြည့်လိုက်တော့ မကြည်ဟန်မျက်နှာပေးနဲ့၊ သူ့ချွေးမ မိရှင်းသန့် တယ်အတ္တကြီးပါဘိ။

ညကားအချိန် (၇) နာရီလောက်ရှိပြီမို့ မဟာတို့ပြန်ဖို့နှုတ်ဆက် စကားဆိုလိုက်ကြသည်။ ဆိုးသည်ကလွှမ်းက သူ့ကိုစကားလည်းတစ်ခွန်းမှမဟ၊ သူပြောပြန်တော့လည်းမသိ‌ချင်ယောင်ဆောင်ထားသည်။ အခုလည်းသူနဲ့အတူ ကားခေါင်းခန်းမှာလာမထိုင်ဘဲ ကား အနောက်ခန်းမှာသွားထိုင်နေသည်။

"ကလေး ‌အရှေ့လာလေ"

"...."

"လွှမ်းလေး စကားလေးတော့ပြန်ပြောပါအုံးကွာ၊ကို နဲ့အရှေ့ခန်းမှာလာထိုင်လို့"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now