Part-22 (Zawgyi & Unicode)

27.4K 890 90
                                    

Unicode

အချိန်ကားမနက် 8 နာရီ၀န်းကျင်ဖြစ်သည်။
လွှမ်း အင်မတန်မှစိတ်လှုပ်ရှားမှုတို့နဲ့ရှိနေ သည်။ ဒီနေ့တော့ လွှမ်းရဲ့အိမ်မက်ဖြစ်တဲ့ Professional ဘောလုံးကစားသမားတစ်ယောက်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းစတင်ရာ ခြေစွမ်း စစ်ဆေးခွင့်ကိုယှဉ်ရပြိုင်မည်ဖြစ် သည်။ ‌လွှမ်းတို့ကျောင်းရဲ့ဘောလုံးနည်းပြချုပ်ကပါ လွှမ်းကိုထောက်ခံပေးထားသော်ငြား လွှမ်းအင်မတန်မှရင်ခုန်လှသည်။

"ဟူး!...ဟူး..."

"ဘာလို့အဲ့လောက်တောင်စိတ်လှုပ်ရှားနေတာလဲ၊ စိတ်ကိုနည်းနည်းလျှော့ထားပါ လွှမ်းရဲ့"

"စီနီယာ!...အာ မဟုတ်ဘူး ကို..."

လွှမ်းစီနီယာလို့ခေါ်မိလိုက်တာကို စီနီယာက
မျက်မှောင်ကြုတ်ပြီးကြည့်လာသည်မို့ လွှမ်းမှာ အမြန်ပင်ပြန်ပြောင်း‌ခေါ်လိုက်ရသည်။

"အင်း!...ဒီမှာ‌ကြည့် ကို့ လွှမ်းလေးကမွေးထဲကဘောလုံးပါရမီပါလာပြီးသားမို့၊ ဘာမှကြောက်စရာမလိုဘူး"

"မရဘူး!..စီနီယာ လွှမ်းစာမေးပွဲဖြေတုန်းကလိုမျိုးဘဲ ကြောက်နေတယ်။"

သူမအောက်နှုတ်‌ခမ်းသားနုနုလေးကို သွားလေးနဲ့ဖိကိုက်ရင်း ပြောနေသည့်မဟာ့ချစ်သူလေးက တကယ်စိုးရိမ်နေပုံရသည်။ မဟာ လည်းသူမလေး အစားရင်ခုန်မိပေမယ့်၊ ထုတ်တော့မပြမိပေ။ သူမရှေ့မှာတော့ သူဟာအားကိုးရလောက်တဲ့ချစ်သူ‌ဖြစ်ကြောင်း၊ သူဟာ သူမအတွက်ဆိုဘယ်လောက်ထိ သန်မာသည်ဆိုတာဘဲပြချင်သည်။

"ဒီမှာကြည့်!...ကိုယ် တို့ဖူဆယ်ကွင်းမှာအပျော်တမ်း သွားကစားတဲ့အခါတိုင်း လွတ် လွတ်လပ်လပ် ကစားတယ်မလား၊ အခုလည်းအဲ့လိုဘဲစိတ်ထဲထည့်ထား ကြားလား"

လွှမ်းရဲ့ စိတ်လှုပ်ရှားမှု‌ကြောင့်ဖြစ်ပေါ်လာသည့် အေးစက်နေတဲ့လက်တစ်စုံဟာ ကို့ ရဲ့လက်ဖဝါးနွေးနွေးရဲ့ထိတွေ့မှုမှာ ပြေငြိမ်းသွားခဲ့ရသည်။

"စိတ်ကိုငြိမ်ငြိမ်ထား၊ လွှမ်းလေးအနောက်မှာကိုယ်တစ်ယောက်လုံးရှိနေတယ်။"

လွှမ်းရဲ့လက်လေးကို နီဆွေးနေသော နှုတ်ခမ်းတစ်စုံနဲ့ထိကပ်လာသည်။ ဒီလိုအချိန်တွေမှာ ကိုယ့်ကို အားပေးဖော်၊ နွေးထွေးဖော် တစ်ယောက်ရှိနေတာဟာ အားရှိလှပါသည်။ လွှမ်းရဲ့ခပ်ညိုညို၊ခပ်စုတ်စုတ် ဘ၀လေးထဲ ဒီလူသားဟာ   နွေးထွေးခြင်းတွေနဲ့တိုး၀င်မြဲ တိုး၀င်နေခဲ့သည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now