Part-10 (Zawgyi & Unicode)

27.6K 966 57
                                    

Unicode

ဘေးအိမ်ကို စီနီယာပြောင်းလာတာတောင် တစ်ပတ်ကျော်သည်ထိရှိခဲ့သည်။ အချိန်တွေဟာရွေ့လျားရင်းနဲ့ပင်ကုန်ဆုံးနေခဲ့သည်။ယခုဆို မိုးရာသီရဲ့အကောင်းဆုံးသော အခိုက်အတန့်ကိုလည်း ရောက်ရှိနေပြီဖြစ် သည်။ နေ့တိုင်းနီးပါး ရွာသွန်းလာတဲ့ဒီမိုးတွေကပြစ်ပယ်နိုင်စရာမရှိအောင်ကို လွှမ်းကြိုက်နှစ်သက်လှသည်။

အခုလည်း အတန်းချိန်မို့သာအောင့်အီးပြီးတက်နေရတာ၊ ဒီလိုတိမ်တိုက်တွေမှိုင်းတက်ကာ မိုးတွေတဖြုန်းဖြုန်းရွာနေသည့် အချိန်ဆို အိမ်မှာသာကွေးနေချင်တာမျိုးဖြစ် သည်။

"လွှမ်း...ဒီနေ့ Training တော့မရှိလောက်တော့ဘူးနော်၊ မိုးကတော်တော်ကောင်းနေတာ။"

"မရှိလောက်တော့ဘူး။ မိုးတော်တော်ကောင်းနေတာ။"

"ဟုတ်ပ!...မိုးကလည်းကောင်းတာမှရှယ်ဘဲ၊ ဘေးနားကောင်လေးတစ်ယောက်လောက်ရှိရင် ပိုကောင်းမှာ။ လွှမ်း..ငါ့ကောင်လေးလုပ်ပါလား။"

"ရူးပြန်ပြီလား။"

"တကယ်လေ၊ နင်သာငါ့ကောင်လေးဖြစ်ရင်သိပ်ကောင်းမှာဘဲ အညိုဆင်လေးရဲ့ရင်ခွင်ထဲက ငါပါပေါ့။"

"နင်ဘဲငါ့ကိုကြိုက်သိလား။"

"အင်း ကြိုက်တယ်၊ သိပ်ကြိုက်တာ။"

လက်မောင်းလေးကိုတွဲကိုင်ကာ နှုတ်ခမ်းလေးထော်ရင်း မေးနေပုံကတကယ်လေးချစ်ဖို့ကောင်းသည်။ စာသင်ခန်းပတ်လည်သို့ မျက်လုံးတို့ဝေ့ကစားရင်း မြင်လိုက်ရသည်က ဆူးအိမ့်နွယ် ရဲ့အကြည့်တို့ဖြစ်သည်။ လွှမ်း ဒီအကြည့်တွေနဲ့ဆုံသည့် အကြိမ်ရေများနေပြီဖြစ်သည်။ သူမရဲ့မျက်၀န်းထဲ မုန်းခြင်းလည်းမတွေ့ရသလို၊ ချစ်ခြင်းလည်းမတွေ့ရပေ။

အတန်းချိန်ပြီးလို့ ဆရာထွက်သွားတော့ လူနည်းနည်းရှင်းသည့်ကော်ရစ်တာဘက်ခြမ်းသို့ ခဏထွက်လျှောက်လာမိသည်။ အခုချိန်ထိသည်းထန်စွာ ရွာသွန်းနေတဲ့ မိုးပေါက်တို့ကို လွှမ်းလက်ပိုက်ကာငေးကြည့်နေမိသည်။

"ဒီလိုမြင်ကွင်းက ဒီလိုကော်ဖီပူပူလေးနဲ့မှလိုက်ဖက်မှာ။"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now