Part-19 (Zawgyi & Unicode)

27.6K 912 59
                                    

Unicode

first day as Sinior's girlfriend 🦋😻

လွှမ်း မ‌နေ့ကတစ်ညလုံးအိပ်မပျော်ပေ၊ ဟိုလှိမ့်ဒီလှိမ့်နဲ့ ကုတင်ပေါ်မှာပင်အချိန်တို့ကုန် ဆုံးခဲ့သည်။ မနေ့ကညက ထို "ချစ်တယ်" ဆိုတဲ့စကားပြောပြီးသည်နဲ့ စီနီယာအလစ်ငိုက်နေတုန်း၊ အခွင့်ကောင်းယူကာ လွှမ်းပြန်လာလိုက်ရသည်။
ရင်တွေကလည်းတုန်လို့ လွှမ်းတစ်ယောက် နည်းနည်းတော့အူအူကြောင်ကြောင်နိုင်လှသည်။ ဘေးကခွခေါင်းအုန်းကြီးကိုကြည့်ရင်းပြုံးလိုက်၊ စောင်ကိုလက်နဲ့ဆွဲချေလိုက်နဲ့ တစ်ယောက်ထဲအလုပ်ရှုပ်နေခဲ့သည်။
*ချစ်တယ်* လို့ ဖွင့်‌ပြောခံရတုန်းကလည်း ထိုအိမ်မှာပင်၊ အခုကိုယ်ကလည်း *ချစ်တယ်* လို့ပြန်ဖြေမိတော့လည်း ထိုအိမ်မှာပင်။ နည်းနည်းတော့ကတိုက်ကရိုက်ဆန်လှသည်။

မဟာ တစ်ယောက်ပေးထားသည့်alarm
ကိုပိတ်ပြီးနောက် ခပ်မြန်မြန်ပင်အိပ်ရာထလိုက်သည်။ နိုးနိုးခြင်းမှာပင် ကျေနယ်ဖွယ်အပြုံးတစ်ပွင့်ကို ကိုယ့်ကိုကိုယ်မသိခင်မှာပင် ဆင်မြန်းမိလိုက်သည်။ မှန်ရှေ့ဆံပင်တွေသပ်တင်တဲ့အချိန်မှာလည်း မဟာပြုံးနေမိပြန်သည်။ နှုတ်ဖျားကနေလည်း သီချင်းသံ‌ခပ်တိုးတိုးတို့ကိုလည်း စိတ်လိုလက်ရ
ညီးနေလိုက်သေးသည်။

"လွှမ်းခက်ချို!..." ဒီဘက်အိမ်ဘဲရောက်သည်နဲ့ မဟာဦးဆုံးခေါ်မိသည့်အမည်နာမလေး။

"မဟာ!..."

"အကို...လွှမ်းကော"

"အာ!...မင်းရဲ့ဟာလေးက မနက် 6 နာရီခွဲထဲကထွက်သွားတယ်။ သူ့ training ရှိလို့တဲ့"

"‌ဗျာ!.."

မဟာ ပထမဦးဆုံးနေ့မှာတင်ပလစ်ခံလိုက်ရသလိုခံစားလိုက်ရသည်။ သူကတော့ first day မှာမနက်ထဲကရင်တွေခုန်ကာ ပျော်မြူးလို့နေသည်။ သူမကတော့မနေ့ညကအဖြစ်ကို သူ့ကိုမသိချင်ယောင်ဆောင်ကာသူ့ကို ထားသွားသည်။

"လာလေ!...တစ်ခါထဲ မနက်မုန့်လာစားသွား။"

"အာ!..ဟုတ်ကဲ့ အကို"

မဟာလည်း မအီမသာခံစားချက်နဲ့ပင် အကိုကျွေးတဲ့ မနက်မုန့်ကိုထိုင်စားခဲ့လိုက်သည်။ သူ့အတွက် အကိုဟာလည်း ကိုထွဋ်လို ယုံကြည် ရတဲ့လူဖြစ်လာသည်။ အကိုဆီ့က လွှမ်းအကြောင်း သူသိသင့်သလောက် ကြားမိသည်။ သူ့ကောင်မလေးရဲ့ ငယ်ဘ၀ မှတ်တမ်းဟာ သူ့လိုပြီးပြည့်စုံကာပျော်ရွှင်ရ ချင်းမျိုးမဟုတ်‌ခဲ့ပေ။ ဒီကောင်မလေးပျော်ရွှင်မှုတွေပိုင်ဆိုင်ရဖို့ သူအစွမ်းကုန် ထောက် ပံ့ပေးသွားမည်ဖြစ်သည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now