Part-35(Zawgyi & Unicode)

28.2K 871 101
                                    

Unicode

"ကလေး!...Dinner အဆင်သင့်ဖြစ်ပြီတဲ့သွားစားဖို့ထနိုင်သေးရဲ့လား"

ကိုက ကုတင်ပေါ်မှာကွေးကွေးလေးအိပ်နေသည့်လွှမ်းရဲ့ဆံပင်တွေကိုသပ်ပေးရင်း၊ညှင်သာသောအသံနဲ့ဆိုလာသော်ငြားလည်း လွှမ်းစိတ်ထဲ၊ ထိုအသံကြည်ကြည်ကိုမကျေ နပ်နိုင်ပေ။ ထိုအသံကြည်ကြည်ရဲ့ခဏ၊ခဏ‌ သောတောင်းဆိုမှုတို့ကြောင့်လွှမ်းဟာအခုလိုပင်ပန်းနွမ်းနယ်နေရခြင်းဖြစ်သည်။

"အင်း...မထနိုင်ဘူး၊ တစ်ကိုယ်လုံးကိုကိုက်ခဲနေရောဘဲသယ်ချင်စိတ်တောင်မရှိဘူး"

"အာ!...ကလေးတကယ်ပင်ပန်းနေတာကို၊ဒါဆိုလည်းကိုယ်အခန်းထဲကိုဘဲ လာပို့ခိုင်းလိုက်မယ်"

"အင်း..."

ကို့ကြောင့်နိုးသွားရသည့်လွှမ်းဟာ ကိုယ်လေးကိုမှောက်လို့ခေါင်းအုန်းပေါ်ပါးတစ်ဖက်ကပ်တင်ရင်းမှေးမိတော့ မျက်၀န်းအိမ်ထဲတစ်ဖန်၀င်လာပြီဖြစ်သော ပင်လယ်ပြင်ရဲ့
ညဘက်အလှတရားတို့။သိပ်ခံစားလို့ကောင်းတာဘဲ၊ လေတဖြူးဖြူးကလည်း မျက်နှာ ငယ်သို့ထိပါးရိုက်ခက်လာနေသည်။
ကျောပြင်ငယ်လေးဟာလည်း လေအေးတို့တိုးဝှေ့လာသည်မို့ အေးစိမ့်သရောင်ခံစားသွားရပြန်သည်။

*မွှ!..*

ခံစားလိုက်ရသည်က လွှမ်းရဲ့‌အေးစိမ့်စိမ့်ကျောပြင်ငယ်ကို ထိကပ်လာသည့်နှုတ်ခမ်းနွေးနွေးလေး။ ကိုဟာသူ မပင်ပန်းထားသ လိုပင်၊ အခန်းထဲဟို‌လှုပ်ဒီလှုပ်နဲ့သာဖြစ် သည်။ ခဏကြာတော့ Hotel၀န်ထမ်းလေးဟာဟင်းပွဲတို့စုံစုံလင်လင်ပြင်ဆင်ထားသည့် တွန်းလှည်းလေးကိုလာပို့သည်။

"ကို့!...ဖြေးဖြေးစားပါ"

မွှေးမွှေးကြိုင်ကြိုင် ဖြစ်နေသည့်ပါစတာကိုခက်ရင်းနဲ့ယူရင်းပင် ကိုဟာသူ့နီနီရဲရဲနှုတ် ခမ်းနှစ်လွှာကြားထဲထည့်လိုက်သည်။ ကိုဟာ ထိုပါစတာကိုဝါးနေရင်းနဲ့ပင် အလယ်တည့်တည့်မှာရှိ‌နေသည့် အငွေ့တထောင်း ထောင်းထနေသောမြေအိုးထဲထည့်ချက်ထားသည့် နူးညံ့နေသည့် အမဲသားနှပ်ကိုလည်းအရသာတွေ့နေပုံပင်။ ကို စားနေသည့်ပုံကြောင့်ဗိုက်မဆာသည့်လွှမ်းပင်စားချင်လာရသည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now