Part-24 (Zawgyi & Unicode)

26.6K 867 47
                                    

Unicode

လွှမ်း ရဲ့အခန်းမှန်ပြတင်းပေါက်ကနေငေးကြည့်ရင် စိမ်းညှို့ညှို့တောင်တွေ၀န်းရံတည် ရှိနေတာကို မြင်တွေ့ခွင့်ရလိမ့်မည်။ဒါလွှမ်း အကြိုက်ဆုံးသော အရသာတစ်ခုဖြစ်သည်။ Sweater ပေါ်က Hoodie ထပ်၀တ်ထားတာတောင်၊အပေါ်က စောင်ပါးလေးကိုခြုံထားရ သေးသည်။ ကော်ဖီပူပူတစ်ခွက်နဲ့အတူ
ဒီမြင်ကွင်းကိုငေးကြည့်မိတော့ မနက်က
ပြသာနာတွေကို နည်းနည်းမေ့တေ့တေ့ရှိသွားသည်။ ကိုသာအနားရှိရင်ကောင်းမည်။ ကို့ရင်ခွင်ထဲတိုးပြီး ဒီလိုတမြမြအေးတဲ့ အဖြစ်ကိုခံစားချင်မိလာသည်။

*ကို!..ဘာလုပ်နေလဲ?အလုပ်ရှုပ်နေတာလား*

လွှမ်း ကို့ရဲ့အသံလေးဖြစ်ဖြစ်ကြားချင်တာမို့ပို့မိလိုက်သည့် message တစ်စောင်။

*Ring Ring* message ကိုတောင် Reply
မပြန်တော့ဘဲ ဖုန်းတန်းခေါ်သည့်လွှမ်းချစ်ရသည့်လူသား။

"Hello!...လွှမ်းလေး အဲ့မှာအေးနေတယ်မလား၊ကို ကြည့်လိုက်တာအအေးက 15°C ဆို၊"

"ဟူး!..ဟုတ်တယ်၊ အရမ်းအေးတယ်ကိုရဲ့"

"ဟာ‌ ကလေးလေး နေရတာအဆင်ပြေရဲ့လား၊ ဒီမှာကအဲ့လောက်မအေးတော့ ကိုယ့်ကလေးနေရခက်မှာဘဲ၊ Hoodie တွေကောပါသွားလား"

"အင်း!..ပါလာပါတယ်ဗျ၊ လွှမ်းကိုလည်း စကားလေးပြောခွင့်ပေးပါအုန်း။"

"ဟ!...ဟုတ်သားဘဲ အင်း ကိုယ့်ကလေးဘာပြောဖို့လဲ"

"လွမ်းလို့!...တစ်မနက်ဘဲရှိနေတာကို ကို့ကိုလွမ်းနေမိပြီ။ ‌တစ်ပတ်သာဆို အို..."

"အခု လာခေါ်ရမလား!..."

"ဗျာ!!." မဟာ ဒီ *‌ဗျာ* ဆိုတဲ့အသံလေးတောင် မကြားရတာကြာပြီ။

"အာ!... ကိုကလည်း နောက်စရာမဟုတ်ဘူး။"

လွှမ်း စိတ်ထဲက *လာခေါ်ပါလား ကိုရေ* လို့ပြောနေမိပေမယ့်၊ နှုတ်ကနေပြောမထွက်နိုင်ခဲ့ပါ။ လွှမ်းအဲ့လောက် ကို့ ကိုဒုက္ခမပေးချင်ပေ။

"ကလေးကကိုယ့်ကိုမယုံတာလား?..."

"အာ!...ကို ထမင်းစားဖို့လာခေါ်နေတာမို့ လွှမ်းသွားရတော့မယ်။ ညကျ ဖုန်းခေါ်လိုက်မယ်နော်။"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now