Part-5 (Zawgyi & Unicode)

28.8K 1K 34
                                    

Unicode

ဘောလုံးသမားတစ်ယောက်အတွက်Training ဆင်းရတာ အရမ်းလွယ်ကူမနေပါ။ ပင်ပန်းရသည် နုံးချိလာရသည်။ သို့သော် ဝါသနာကို လက်လွှတ်မဆုံးရှုံးမခံနိုင်တဲ့ ကစား သမားတွေရဲ့ ဦးတည်ရာဟာ နေပူပူ၊ မိုးရွာရွာ ဘောလုံးကစားရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုသာ ဦးတည်သည်။

လွှမ်း မြင်ခင်းစိမ်းပေါ်ဖင်ချထိုင်ကာ ဒူးနှစ်ဖက်ကိုထောင်၍ စိတ်ရှိလက်ရှိ အမောဖြေနေမိသည်။ လေ့ကျင့်ပြီးလို့ မြေခင်းကျယ်‌ ပေါ်မှာ ဒီလိုအားရပါးရ ထိုင်လိုက်ရတာက တကယ့်အနှစ်သာရဖြစ်သည်။ ရေဗူးထဲကရေကို ပိုက်နဲ့စုပ်သောက်နေတုန်း ကဗျာကလွှမ်း အနားကိုအပြေးရောက်လာတော့ သည်။

"လွှမ်း!...မနေ့ညက ငါအိပ်မက်မက်တယ်သိလား?..."

"အိပ်မက်မက်တာ ထူးဆန်းလို့လား ကဗျာရယ်။"

"အင်း!...ငါ့အတွက်တော့အရမ်းထူးဆန်းတာဘဲ၊ ငါ...ငါ ဦးနောင်နဲ့ အဟိ...အဟိ"

လွှမ်း ရေပင်သီးမလိုဖြစ်သွားရသည်။ ကဗျာဟာ ဦးငယ်ကိုစတွေ့တဲ့ ဟိုနေ့ထဲကပင် မျောက်လက်ထဲအုန်းသီးရသလို ဖြစ်နေခဲ့သည်။ ညဘက်ကြီး ဦးငယ်ရဲ့ Facebook acc တွေတောင်းလို့တောင်း၊ ဦးငယ်ရဲ့ငယ်ဘ၀ အကြောင်းတွေမေး‌လို့မေးနဲ့ တကယ်ကိုမှ တိုင်ပတ်နေခဲ့သည်။ အခုလည်း ဦးငယ်အကြောင်း စလာပြန်သည်။

"နင်!...တစ်ဦးငယ်ထဲနဲ့ ဘာဖြစ်နေတာလဲ။"

"ချစ်နေတာလေ...."

လွှမ်းလို မျက်၀န်းရှည်ရှည်မျိုးမဟုတ်ဘဲ၊ ဝိုင်းစက်သည့် မျက်၀န်းနက်တို့ကို မှေးကျဉ်းသွားအောင်ထိ ပြုံးပြရင်း ပြောနေသူ ကဗျာလွင်က တကယ်ဆေးမမှီတော့ပေ။

"ဒါဆို...အကြောပြေလျော့တာကိုတော့ ကိုယ့်ဘာသာဘဲ အဖွဲ့လိုက်လုပ်ကြတော့။ ဆရာ အစည်းဝေး ခဏတက်ရမယ်။"

"‌ဆရာ!...ဒီမှာ ဘာအကာမှလည်းမရှိ ‌training ဆင်းရတဲ့နေ့တိုင်း နေပူနေပြီ။ အသားတွေကမဖြူပါဘူးဆိုနေမှ ပို‌ဆိုးအောင်လို့။"

အသင်းထဲက ပြောရဲဆိုရဲရှိတဲ့ကျောင်းသူတစ်ယောက်ကထပြောလာသည်။ ဟုတ်ပါသည် လွှမ်းရဲ့အသားလေးက မဖြူပါဘူးဆို၊ နေပူထဲ နေခြောက်လှမ်းခံရအုန်းမည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now