Part-2 (Zawgyi & Unicode)

36.9K 1.1K 34
                                    

Unicode

အဆင့်မြင့် University တစ်ခုမို့ လူပေါင်းစုံကို မြင်ရတတ်သည်။လွှမ်းက အနေအေး‌ ရယ်တယ်လို့တော့မဟုတ်ပေ။ အားကစားသမားမို့အနည်းငယ်တော့အပေါင်း အသင်းရှိသည်။အရင်းနှီးဆုံးကတော့ ကဗျာလွင်နဲ့ ခင်၀င့်ပိုင် သာဖြစ်သည်။ အပေးအယူမျှတဲ့သူငယ်ချင်းတွေမို့ ဘ၀ဟင်းတစ်ခွက်မှာ ပေါင်းစပ်လို့အစပ်အဟပ်တော့တည့်သည်။

ကော်ရစ်တာမှာလမ်းလျှောက်တော့ ဖက်ရှင်မျိုးစုံနဲ့ ကျောင်းသားတွေက လွှမ်းရဲ့အညိုရောင်မျက်လုံးထဲတွင်တောက်ပသွားရသည်။ လွှမ်း မှတ်ချက်ချမိသည်။ လွှမ်းတို့ကျောင်းမှာတကယ်ကိုမှ အချောအလှတွေပေါလွန်းပါသည်။

ဘေးကလျှပ်က‌နဲ ဖြတ်သွားတဲ့ ဆူးအိမ့်နွယ်ကို လွှမ်းလိုက်ငေးမိပြန်သည်။ တကယ်ကိုမှအလှလေးဖြစ်သည်။ ဖြူစွတ်ကာ သွေး ကြောလေးတွေပေါ်နေသည့် အသားအရေ၊ နှုတ်ခမ်းနီစိုးစရာမလိုသည့် ပန်းနုရောင် နှုတ်ခမ်းဖျားလေးတို့ကအစ စိန်စီထားလောက်သည်။

*တကယ့်အလှလေးဘဲ။* နှုတ်ထက်ရေရွတ်မိရင်းသတိလက်လွတ် ကိုယ့်လက်တွေကိုယ်ပြန်ငုံ့ကြည့်မိသည်။ ညိုမြသောအ‌သားအရေ၊ထို ညိုတတလေးအပေါ် အနည်းငယ် ဖုံးလွှမ်းနေသည့် အမွှေးညှင်းလေးတွေ (လက်မွှေးကိုဆိုလိုခြင်းဖြစ်သည်။)
လွှမ်းတွင်တကယ်ကိုမှ ထိုအလှလေးနဲ့ယှဉ် နိုင်စရာကိုမရှိပေ။ ဖေဖေနဲ့တူသည့် လွှမ်းက မေမေ့ရဲ့ ဖြူ၀င်းသည့်အသားအရေကိုတော့ အမွေမရခဲ့ပါ။ သို့သော် ပါးချိုင့်လေးနဲ့ အညိုရောင် မျက်ဆံလေးတွေကိုတော့ ပိုင်ဆိုင်ခွင့်ရခဲ့သည်။

"ဘာတွေငေးနေတာလဲ။ နင့်ပုံကမှိုင်းမိနေတဲ့ပုံနဲ့။"

အခန်းထဲတောင့်တောင့်ကြီး၀င်လာပြီး တောင့်တောင့်ကြီးထိုင်ကာ မေ့မောနေသည့် သူငယ်ချင်းဖြစ်သူကို ကဗျာကြည့်မနေနိုင်တော့ပါ။

"ဟင်!...လူလူချင်းချင်း အတူတူကိုငါကဘာလို့ရုပ်ပို‌ဆိုးနေတာလဲ။"

အစဆုံးမရှိထပြောသော စ‌ကားကြောင့် ကဗျာလွင် ဆွံ့အရသည်။

"နင်...ရုပ်ဆိုးတယ်လို့ဘယ်သူပြောလဲ။"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now