Part-23 (Zawgyi & Unicode)

27.4K 812 38
                                    

Unicode

"လွှမ်းခက်ချို!...ဒါငါ့ရင်ကိုအစိမ်းလိုက်ခွဲလိုက်သလိုဘဲနော်။"

"ဟို!...ငါကအစထဲကပြောဖို့လုပ်ထားပေမယ့်"

"ဘာကိုအစထဲကလည်း?နင် နင် ငါ့ကိုလုပ်ရက်တယ်။"

"ချစ်လေးကလည်းစိတ်မဆိုးပါနဲ့၊ ငါပြောပြဖို့စိတ်ခဏခဏ ကူးပေမယ့်၊ စကားမထွက်လာလို့ပါဟာ။"

"မသိဘူး ငါတကယ်၊တကယ်ကိုမှစိတ်ဆိုးတယ်။"

ဒါဟာ မဟာ့အရှေ့မှာ တစ်ယောက်ကသူ့ကိုဖုံးကွယ်ထားလို့စိတ်ဆိုးနေသည်ကို၊ နောက်တစ်ယောက်ဖြစ်သည့်မဟာ့ ချစ်သူလေးကချော့နေခြင်းဖြစ်သည်။ ဒါဟာလွှမ်းအတွက် တကယ်မှအရေးပါသည့်သူဖြစ်သည့်အတွက် မဟာ၀င်စွက်မဖက်ပါ။ သူလည်း ကဗျာ့အကြောင်းသိသင့်သလောက်သိပါသည်။

"ကဗျာ!...နင်ဒီလို စကားမပြောဘဲနေရင်၊ ငါဘယ်လို အသက်ရှူနိုင်မှာလဲဟာ"

"နင်မရှူနိုင်ရင် နင့်ဘဲနှာခေါင်းကိုငှားရှူ"

"ကဗျာ!...ငါ ဦးငယ်အကြောင်းနင်မသိသေး တာတွေပြောပြမယ်လေ"

"ငါ့မှာ ဦးငယ်ဖုန်းနံပါတ်ရှိတယ်၊ကိုယ့်ဘာ သာ ကိုယ်ဖုန်းဆက်မေးမယ်။"

"က‌ဗျာ!..."

"သွား!..သွား လာမခေါ်နဲ့"

လွှမ်းအရှေ့ကစီနီယာကတော့Espresso လေး ကို တငြိမ့်ငြိမ့်နဲ့သာထိုင်သောက်နေသည်။

"ကဲ!..အတန်းလည်းစတော့မယ်၊ ငါသွားတော့မယ်။"

"ခဏစောင့် ငါလည်းလိုက်မယ်လေ ကဗျာရဲ့"

"နင့်ဘာသာလိုက်ချင်လိုက်၊ မလိုက်ချင်နေ"

ကဗျာကလွှမ်းကိုကျော်ပြီးကော့ကော့နဲ့ထွက်သွားတော့ စီနီယာ့ကို တာတာ့ပြပြီးသာ သူငယ်ချင်းဖြစ်သူနောက်လိုက်ရတော့သည်။ စီနီယာကတော့ပြုံးပြရင်း ခေါင်းညှိတ်ပြလာသည်။

မဟာလည်း လွှမ်းတို့သူငယ်ချင်းနှစ်ယောက်ထွက်သွားသည်နဲ့ အတန်းချိန်လည်းမရှိသည်မို့၊ အလုပ်ကိုသာလာခဲ့လိုက်တော့ သည်။

"အော်!..ဒီCompany ထဲမင်းရှယ်ယာပါတယ်ဆိုတာသိပြီပေါ့"

ငြိမ်းခက ဒီရက်ပိုင်းCompany ဘက်ခြေဦးသိပ်မလှည့်တဲ့မဟာ့ကို စကားစစ်ထိုးလိုက်ခြင်းဖြစ်သည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now