Part-33 (Zawgyi & Unicode)

26.7K 973 110
                                    

Unicode

"မွှ!.."

ကားပေါ်ကဆင်းခါနီး လွှမ်းလေးရဲ့ပါးချိုင့်ခွက်ခွက်‌နေ‌ရာလေးကိုမမေ့မလျော့ မဟာနမ်းလိုက်ပါသေးသည်။

"ကလေး!...ဒီနေ့ပင်ပန်းထားတာဆိုတော့အိမ်ထဲ၀င်ပြီးနားတော့!"

"အင်း!...ကိုလည်း နားတော့နော်"

"love you babe!..."

လွှမ်းက သူ့ကိုပါးချိုင့်လေးတွေပေါ်သွားအောင်ပြုံးပြရင်း၊ ခေါင်းတညှိတ်ညှိတ်နဲ့ ခြံထဲသို့၀င်သွားရှာသည်။ ပွဲကန်လာသည့်အပြာနုရောင် ဂျာစီလေးအပေါ်မှထပ်၀တ်ထားသည့် လေကာဂျာကတ်အညိုလေးနဲ့သူမ၊ တကယ်ကိုတစိမ့်စိမ့် ကြည့်ရင်းနဲ့တောင် မ၀နိုင်သည့်ပန်းရိုင်းလေးတစ်ပွင့်ဖြစ်သည်။

လွှမ်းခြံထဲ၀င်၀င်ချင်းတွေ့လိုက်ရသည့် ဦးငယ်ရဲ့ကားဘေးမှာ ထိုးရပ်ထားသည့်ဇိမ်ခံကားတစ်စီး၊ ဒီကားဟာ လွှမ်းနဲ့ရင်းနှီးသလိုတော့ရှိနေသည်။ ထိုရပ်ထားသည့်ကားကြောင့်ဧည့်သည်ရောက်နေသည်ဆိုမှာကျိန်း သေသည်။ သို့သော်ဒီအချိန်ကြီး လွှမ်းတို့အိမ်ကိုတော်ရုံဧည့်သည်မလာဖူးပေ။ ဂျာစီပေါ်က ဂျာကတ်ကိုချွတ်ရင်းနဲ့ပင်၊ အိမ်ထဲသို့၀င်ချလာလိုက်သည်။

"မေကြီး!..."

အပေါ်ထပ်၀တ်ထားသည့် ဂျာကတ်ကိုချွတ်နေသည့် လွှမ်းရဲ့လက်တွေဟာရပ်တန့်သွားရသည်။ သူအခုဘောလုံးဂျာစီနဲ့ဖြစ်သည်။ ဒါဆိုသူဘောလုံးကန်နေတယ်ဆို ထိုင်နေတဲ့မေကြီး ကျိန်းသေရိပ်မိသွားပြီ။

"ဘာကိုအခုမှမေကြီးလဲ?...လုပ်ချင်ရာလုပ်၊ ဖြစ်ချင်တိုင်းကိုဖြစ်နေတာ ငါ့ကိုမေကြီးလို့‌ လာမခေါ်နဲ့"

"မေကြီး!...သားကဒီအတိုင်းကြိုက်လို့၀တ်ထားတာ သားဘောလုံးကန်လာတာမဟုတ်ဘူး"

မျက်နှာငယ်လေးနဲ့ ရှင်းပြနေသည့် လွှမ်းလေးကိုမြင်ရသည်က ခက်နောင်ချိုကို အ သက်ရှူကြပ်စေသည်။ သူ၀င်ပြောလိုက်ရင် မေမေ့ ဒေါသဟာပိုပြီးလောင်မြိုက်လာမည်ဖြစ်သည်။

"ကလိမ်ကကျစ်!..."

‌ဆိုဖာမှာမိန့်မိန့်ကြီးထိုင်နေသည့် ကြီးဒေါ်ဟာ လွှမ်းရှိရာဘက်သို့လှည့်ကာပြောလိုက်သည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now