အပိုင်း ၂

400 40 6
                                    

Z&U

"ချက်ကြီးရေ ချက်ကြီး! မုန့်ဟင်းခါးလာစားလှည့်လေ ဒေါ်ဒေါ်သိုက်တို့ကော လာစားမလား သားလာပို့ပေးရမလားဗျ"

"မဟုတ်တာ ရတယ် ရတယ် လာစားမယ် သားဧကရာဇ်ရေ မင့်ဦးလေးပြန်မရောက်သေးလို့ကွဲ့ ချက်ကြီးရေ ဧကရာဇ်လာခေါ်နေပြီ"

အမေတို့များ ကြည့်ပါဦး အိမ်ထဲကဟင်းချက်နေတဲ့ ဇာမဏီ့ကိုကြတော့ သားလို့မခေါ်ပေါင် ချက်ကြီးချက်ကြီးနဲ့ ဟိုဝမ်းမနာသားကြတော့ ဧကရာဇ်၊ဧကရာဇ်နဲ့ ဖြစ်နေလိုက်တာများ ကြည့်မရ။

"လာပြီဗျ လာပြီ"

သိန်းဈာန်ဝင်လာကတည်းက ဟင်းအိုးပိတ်ပြီး ရေမိုးပြေးချိုးရသေးသည်။ ဒီနေ့သိန်းဈာန်တို့အိမ် အလှူနေ့မို့ ရပ်ကွက်ထဲက မိန်းမချောလေးတွေ လာမှာအမှန်ပင်။ မိန်းမပျိုတွေကြားထဲ ဇာမဏီရှိုးပဲ့နေလို့ မဖြစ်ခြေဘူး။

"ဟိုကောင်တွေတောင် ရောက်နေပြီ ချက်ကြီးရ မင်းဘာလို့အဲ့လောက် ကြာနေရတာလဲကွ"

"ငါက ဟိုအကောင်တွေလို အားယားမနေဘူး သားလေးသိန်းဈာန် အိမ်မှာဟင်းချက်ရနဲ့ ငါကအိမ်ရှင်မကြီးလေ ငါကကျွန်မကြီးကွ"

အမေးအမြဲပြောသလို ဖိသိပ်ပြီးပြောခဲ့ကာ ဇာမဏီပြေးထွက်လာလိုက်သည်။ မဟုတ်ရင် အ​မေသတ်လို့ ဇာမဏီအသက်ရှင်ဖွယ်ရာ ရှိမည်မဟုတ်​ခြေ။ အမေ့အော်သံကိုလည်း လျစ်လျူရှုရင်းပေါ့။

"ကိုကြီးဧကရာဇ် ငှက်လေးလည်း လိုက်မယ် ငှက်လေးလည်း လိုက်မယ်"

ငှက်သိုက်မက သိန်းဈာန်နဲ့ဇာမဏီကြား အတင်းဝင်ကာ သိန်းဈာန်လက်မောင်းကို တွဲခိုထားလေသည်။ သိန်းဈာန်က ငှက်သိုက်ခေါင်းကို တစ်ယုတစ်ယ ပွတ်သပ်ပေး နေသည်မို့ ဇာမဏီရင်ထဲ ပုရွက်ဆိတ် သောင်းပေါင်းများစွာ ပြေးလွှားနေလေသည်။ ဒီငှက်သိုက်မတော့...။

"ငါ့ညီမကို ဘာလုပ်တာလဲ ဖယ်စမ်းသိန်းဈာန်"

ဧကရာဇ်မှာ မညှာမတာလက်ကို ဖျတ်ရိုက်ခံရသည်မို့ ချက်ကြီးကိုတင်းသွားလေသည်။ ချက်ကြီးကသာ သူ့ညီမသဝန်တိုနေတာ ငှက်လေးက ဧကရာဇ်ကိုအထာတွေ ပေးနေတာ ချက်ကြီးသိရင်တော့လား။ ဧကရာဇ်ဘဝ မတွေးရဲတော့ခြေ။ သို့သော်ငြား ဘယ်လောက်ပဲ ချက်ကြီးကိုတင်းတင်း ကြွေရုပ်လေးလိုလှတဲ့ ငှက်လေးမျက်နှာကြောင့် ဧကရာဇ်တစ်ထစ်လျော့ခြလိုက်လေသည်။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now