အပိုင်း ၁၃

230 17 4
                                    

Z&U

ဇာမဏီ Video အချို့ကို Edit သေခြာလုပ်နေရင်း ခေါင်းတွေခြာခြာလည်မူးလာလေသည်။ မျက်ဝန်းထဲမြင်ယောင်လာသည်က ပါးဖောင်းဖောင်းတွေနဲ့ ဧကရာဇ်ကမိန်းမောကာ ဇာမဏီ့အနမ်းတွေကို အရသာခံနေလေသည်။ ပါပြင်းလေးက ခပ်ပါးပါးရဲသွေးကြွနေသည့်အပြင် နှုတ်ခမ်းထူထူတွေက ဇာမဏီ့နှုတ်ခမ်းတွေကြား အရသာခံလိုရနေဆဲ။

"အား! မူးသွားလို့ မူးသွားလို့နေမှာပါ"

"ကိုဇာကြီး ထမင်းသွားစားရအောင်လေ ၁၂ ခွဲပြီဗျ ထမင်းချိုင့်ဘာနဲ့ထုတ်ခဲ့လဲ"

"ဖွင့်တော့မကြည့်ခဲ့ဘူး ညီမလေးထည့်ပေးတာပဲ ဆွဲလာတာ ကျွန်တော်ဆေးလိပ်သွားသောက်လိုက်အုံးမယ် ပြီးရင်လိုက်ခဲ့မယ်လေ"

"ဒါဆိုသွားပြီဗျာ"

ဇာမဏီခေါင်းအသာငြိမ့်ပြရင်း ဝရံတာဘက်ထွက်ကာ ဆေးလိပ်ကိုပဲ သောက်နေလိုက်လေသည်။ ဝမ်းထဲဟာတာတာက ထမင်းစာလို့ဖြစ်လိမ့်မည်။ သို့သော်ငြား ဆေးလိပ်ကိုပိုသော်ချင်နေသည်မို့ တစ်လိပ်တော့ ကုန်အောင် သောက်လိုက်သည်။

မျက်စိရှေ့ကအထပ်ပေါင်းများစွာနဲ့ တိုက်ခန်းအချို့က အစီစီအရီရီရှိနေ၏။ ဇာမဏီတို့က ၆ ထပ်လောက်တော့ ရှိလိမ့်မည်။ ဟိုကြည့်သည်ကြည့်နှင့် အတွေးတွေရှင်းထားသော်ငြားလည်း အတွေးတွေထဲ ဧကရာဇ်ကစိတ်ဒုက္ခပေးနေမြဲ။

ကျစ်!

ဆေးလိပ်ဖင်စီးခံကို ဖိနပ်ထိပ်နဲ့နင်းခြေကာ ထမင်းစားဖို့ထွက်လာလိုက်မိသည်။ ထမင်းမစားခင်ဆေးလိပ်သောက်မိသည်မို့ ရင်ထဲတော့အနည်းငယ်မကောင်းပါ။

"မင်းကိုဆေးလိပ်ဖြတ်ဖို့ပြောနေတာမှမဟုတ်တာ လျော့သောက်ဖို့ပြောနေတာကွ"

ကြေမွနေသည့် ​ဆေးလိပ်ဖင်စီးခံကိုကြည့်ကာ နှာသီးလေးရဲကာပြောနေသည့် ဧကရာဇ်ကိုသတိရမိသည်။ အမြဲလိုလို ဇာမဏီ့အတွက်စိတ်ပူနေတတ်သူ မဟုတ်လား....။
ဒါကိုများမနေ့ကလာခေါ်တာ ဘာလို့များငြင်းခဲ့ရတာလည်း ဇာမဏီသိုက်ရာ...။ ကို့ယ်ကိုကိုအပြစ်တင်သော်ငြား ပြီးခဲ့တာက ပြီးခဲ့ပြီလေ မတတ်နိုင်ပါ။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now