အပိုင်း ၉

153 20 4
                                    

Z&U

"ဧကရာဇ်ရေ ဧကရာဇ်"

မနက်ကလည်း လက်ဖက်ရည်ဆိုင်သွားတာ ဇာမဏီ့ကိုလည်း လာမခေါ်ပါ။ နေ့တိုင်းလာခေါ်နေသူက ဒီနေ့မှဗွေထဖောက်၏။  ဇါမဏီ လက်ဖက်ရည်ဆိုင်ရောက်တော့ ဒင်းကမရှိပေ။ ပုဆိုးကိုမကာ အိမ်ရှေ့ကနေ အာပြဲနှင့်အော်နေသော်ငြား ဒင်းကထွက်မလာသေး။

"အမေ အမေ သားမရှိဘူးလို့ပြောလိုက်ပါ စိတ်ရှုတ်ဖို့ ကောင်းလိုက်တဲ့ ချက်ကြီး!"

ကျွတ်စ်ခနဲစုတ်သတ်ကာ စားလက်စမုန့်ပန်းကန်ကိုယူပြီး အပေါ်ထပ်က ကိုယ့်အခန်းထဲသာဝင်နေလိုက်လေသည်။ ဧကရာဇ်အခန်းက အလုံပိတ်မို့ ချက်ကြီးလိပ်ခေါင်းထွက်အောင်အော်လည်း ဧကရာဇ်မကြားရပါ။

"ဟဲ့အော် ဒီကောင်လေး လူကြီးကိုလာလိမ်ခိုင်းနေတယ် ဘာတွေရန်ဖြစ်ကြပြန်ပြီလည်း မသိဘူး တကတည်း"

နောက်မှာတော့ ဒေါ်စိုးခမြာ ခပ်တိုးတိုးသားငြီးတွား ကျန်ခဲ့လေတော့သည်။ ဧကရာဇ်ကတော့ အခန်းထဲ TV ကြည့်ကာနှပ်နေခြေပြီ။

"အန်တီစိုး ဧကရာဇ်ကော"

"အိမ်ပေါ်ထပ်က သူ့အခန်းထဲမုန့်စားနေတယ် ဝင်သွားလိုက်သားလေး ရတယ်ဒီမုန့်ပါယူသွား"

အိမ်ပေါ်ထပ်ဆိုတော့ ဇာမဏီလှည့်ပြန်ဖို့ပြင်သော်ငြား လက်ထဲရောက်လာသည့် ကျောက်ကျောပန်းကန်ကြောင့် လှည့်မပြန်ဖြစ်တော့ခြေ။ ဧကရာဇ်ကိုလည်း တွေခြင်ပါသေးသည်။ ဘာကြောင့်ရှောင်နေလည်း မသိသော်ငြား ဧကရာဇ်စိတ်ဆိုးအောင် ဇာမဏီမလုပ်ခဲ့ဘူးထင်တာပဲ။ ဤသို့ဖြင့် ဧကရာဇ်အခန်းဆီသို့.....

ဒေါက်

"ဝင်ခဲ့ လော့မချထားဘူး"

ဧကရာဇ် ​ရှေ့ကဇတ်ကားကိုပဲ မဲကြည့်ကာနောက်က ဝင်လာတဲ့သူကိုမကြည့်ခြေ။ မေမေပဲဖြစ်မှာပေါ့။ ကျောက်ကျော စားခြင်တယ်ဆိုလို့ ကျောက်ကျောလာပိုခြင်း ဖြစ်မည်။

"မေမေ့ ချက်ကြီးပြန်သွားပြီလား ဟမ်! မင်း! ချက်ကြီး ငါ့အခန်းထဲ ဘယ်လိုရောက်"

"ကျောက်ကျောလာပို့တာလေ နေပါဦး မင်းကငါ့ကိုတွေ့တာနဲ့ သရဲတစ္ဆေတွေ့သလို ဖြစ်နေတာဘာသဘောလဲ ငါရုပ်ကဘာဖြစ်နေလို့လဲ"

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now