အပိုင်း ၆

181 19 6
                                    

Z&U

"မင်းပြုံးရင် တကယ်ကိုချောသည်
ပါးနှစ်ဖက်မှာ ပါးချိုင့်လေးရှိသည် "

ငှက်စိုးထိုးသံစူးစူးကြောင့် ဇာမဏီနားတွေကို ပိတ်ထားလိုက်လေသည်။ သို့သော်မရ တစ်လုံးစနှစ်လုံးစ နားထဲဝင်ဝင်လာဆဲ။

"နှလုံးသားကိုနင်ဟာညို့ယူ ဖမ်းစားတော့ ငါမူးလို့မေ့သွားပေါ့"

ဘယ်သူမူးမေ့တာလဲတော့မသိဘူး ဇာမဏီတော့ ငှက်သိုက်မအသံကြောင့် သွေးတွေတစ်ဒိတ်ဒိတ်နဲ့ တိုးလာကာ မူးမေ့တော့မည်။

ငှက်သိုက်ကို အမေတို့မေ့ငှက်သိုက်လို့ပေးတာ ဒီလိုငှက်စိုးထိုးသံကြောင့်ဖြစ်လိမ့်မည်။ ကိုယ့်အသံကို ဘာသံမှန်းတောင် မဝေခွဲပဲ သီချင်းဆိုဖို့ စဉ်းစားရဲသေးတယ်။ အက်ကွဲနေတဲ့ထိုအသံက သီချင်းနဲ့ဘယ်လိုမှမလိုက် သီချင်းကတစ်ခြား အသံကတစ်ခြား ကြာကြာနားထောင်ရင် နားထဲကသွေးထွက် လောက်သည်။

"မင်းအကြောင်တွေ ငါစုံစမ်းမည်
တွေ့သမျှလူတွေအကုန်လိုက်မေးမည် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး​ရေ ရုပ်ချောပြီးတော့ ခပ်တည်တည်ကြီးကွယ်"

"မေ့ငှက်သိုက်!"

ဇာမဏီဘယ်လိုမှသည်းခံမရတဲ့အဆုံး ငှက်သိုက်မကို အော်ခေါ်လိုက်ရလေသည်။ တော်သေးတာပေါ့ ဇာမဏီအသံအောင်လို့။

"ရှင် ရှင့် မင်းရဲ့ခြေလမ်းတိုင်းမှာငါရှိတယ် ငါ့ရဲ့အိမ်မက်ထဲကိုဝင်ခဲ့ကွယ် မနက်ခင်းတိုင်းမှာနင့်အသံလေးကြားခြင်တာ"

ဒါတောင်ဆက်ဆိုနေသေးသော ငှက်သိုက်ကြောင့် ဇာမဏီမေးကျောတွေပါထောင်လာလေသည်။ ညဘက်လေး စာအုပ်ကောင်းကောင်းဖတ်ရမယ် မရှိဘူး ဒင်းအသံကြောင့် သဲခြေပါပျက်မယ်။

"ငါရှီခိုးဆိုခိုးပါ့မယ် ငှက်သိုက်ရယ် နင့်အဲ့သီချင်းကြီး ဆက်မဆိုပါနဲ့"

"ဘာလဲကိုကြီးချက်ကို ကြိုက်မဲ့သူမရှိလို့လား"

လာလှချည်သေး ကြိုက်မဲ့မရှိဘူးပဲဖြစ်ရတယ်။ သူမလိုရုပ်ဆိုးနေရင်တော့ တစ်မျိုးပေါ့။ ဇာမဏီတို့က လူရည်သန့် ဘယ်ကြည့်ကြည့် ကိုယ့်ကိုချိန်နေသူကြီးပဲ။ ကိုယ်က ချိန်ရတယ်မရှိ။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now