အပိုင်း ၈

152 18 2
                                    

Z&U

"ကဲကဲ ဒီနေ့မှာ ဘောလုံးဝါသနာရှင်တွေကို ဆရာကရွေးချယ်ပါမယ် major ဘောလုံးပြိုင်ပွဲတွေအတွက် ဘယ်သူကဝင်ကန်ခြင်လဲကွာ"

နှစ်တိုင်းလိုလို ဘောလုံးအတွက် လူစုသည့်ဆရာထင်ပါ့ အပြောကညက်သလို မျက်နှာကခပ်ပြုံးပြုံးရယ်။ အရပ်ကအနည်းငယ်ပုပေမဲ့ သွက်လက်တတ်ကြွ နေသည်မှာ မင်းရဲတို့နှင့်တန်းတူအလား။

"မင်းရဲစိုးဈာန်! မင်းရဲစိုးဈာန်! မင်းရဲစိုးဈာန်"

အမြောက်အဖော်ကောင်တွေ ဖြစ်ကြတဲ့ မင်းဗလနဲ့အပေါင်းအပါတို့သည် အနောက်ကနေ အပီအပြင်ဆးထိုး၏။ ဆရာကလည်း ခပ်ပြုံးပြုံး ပထမနှစ်၏ တတ်ကြွမှုကိုမြင်ရ၍ လားတော့မသိ။

"မင်းဗလ! မင်းဗလ! မင်းဗလ!"

မင်းရဲကအော်တော့ အနောက်ကသူတွေပါဝိုင်းအော်သည်မို့ မင်းဗလမျက်နှာက အလိုမကျသည့်နှယ်စုကျုံ့လို့။ ဒီလိုပါပဲ သူ့ဆေးထိုးလိုက် ငါ့ဆေးထိုးလိုက်နဲ့ လည်ပတ်နေတာ....။

"ကဲကဲ ဟုတ်ပြီ မင်းရဲစိုးဈန်နဲ့ မင်းဗလ မှတ်လိုက်ပြီနော် မင်းတို့အခန်းထဲ အင်းအားတတ်ကြွစေမဲ့ နာမည်ကောင်းတွေ ရှိတာပဲကွ"

"အဟင်း!"

ဗလကော မင်းရဲပါ မတ်တပ်ရပ်နေရင်း မချိပြုံးရယ်မိသည်။ လူအများကြီး စူးစိုက်ခံရမှုက အနည်းငယ်တော့ အရှက်ရသား။

"နောက်ထပ်ပါဦးမလား "

"ကျွန်တော်ပါမယ်ဆရာ ကျွန်တော့်နာမည် ထိုက်သစ်သစ်ဆန်းပါဗျ"

"ဟုတ်ပြီကွ မင်းတို့သုံးယောက်နဲ့တင် နိုင်ပြီဟေ့ နာမည်တွေက ဟိုသီချင်းလို ဘာတဲ့ လန်းလွန်းလို့သေနိုင်တယ် ဆိုသလိုပေါ့ကွာ"

ဆရာကဟာသနှော၍ပြောသည်မို့ ကျောင်းသားတွေကလည်း တစ်ဝါးဝါးရယ်ကြလေသည်။
သူတို့သုံးယောက်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးစိစိ....။

တစ်ကျောင်းတည်းထွက် မဟုတ်၍ မင်းရဲ ထိုက်သစ်သစ်ဆန်းနာမည်ကို အခုမှသိသည်။ အမြဲလိုလို နောက်ဆုံးတန်းတွင်ထိုင်ကာ မိုးထိုးနေသည့် အရပ်နှင့်မို့ သတိထားမိခြင်း။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now