အပိုင်း ၅

161 20 0
                                    

Z&U

ဧကရာဇ် ရိုက်ကွင်းကအပြန် လိုတာလေးတွေ လိုက်ဝယ်နေရသည်။ ယောက်ျားလေး အသုံးအဆောင်ပစ္စည်းမျိုးမို့ ကိုယ်တိုင်ဝယ်ရမှ စိတ်တိုင်းကျလေသည်။ ဘယ်ကြည့်ညာကြည့်နဲ့ အတွင်းခံဆိုင်ကို တွေ့တော့မှ သက်ပြင်းခြရသည်။ size စုံရှိပါစေလို့ပဲ ဆုတောင်းရမယ်။

ဧကရာဇ်ကခန္ဓာကိုယ် ပိန်ပါးပေမဲ့ တင်ကအနည်းငယ်ထွက်ခြင်သည်။ ငယ်ငယ်က ထိုင်ထလုပ်ခဲ့ရလို့များလားမသိ။ ဒီလိုနဲ့အောက်ခံဘောင်းဘီက ရှေ့ကမကြီးရဘဲ နောက်ကကြီးတဲ့ ဘောင်းဘီရှာဝယ်နေရတာ ခက်သည်။

"ညီမလေး ဒါမျိုးကိုလေ နောက်ကြီးတာမျိုးလေး မရှိဘူလားညီမ"

"အော် အစ်ကိုက ကိတ်တာပဲ လာလာ "

အားးး!

ဧကရာဇ်ရင်ထဲ ပုစဉ်းရင်ကွဲလို စူးရဲစွာအော်နေမိသည်။
ဘယ့်နှယ့်ကြောင့် အောက်ခံဘောင်းဘီကို မိန်းကလေးတွေ ရောင်းနေရတာလဲ။ ယောက်ျားလေး အောက်ခံဘောင်းဘီကို မိန်းကလေးမရောင်းရဘူးလို့ ဥပဒေထုပ်မထားသော မြန်မာနိုင်ငံကိုသာ အပြစ်တင်မိသည်။

အတွင်းထဲဝင်သွားတဲ့ ကောင်မလေးကရယ်ကျဲကျဲနဲ့ ဧကရာဇ်ကိုကြည့်နေလေသည်။ ထို့အပြင် အောက်ခံဘောင်းဘီပါ ရှာပေးနေတော့ ဧကရာဇ်မှာရှက်လိုက်တာ မျက်နှာကြီးပေါက်ထွက်တော့ မလိုပဲ။ ရှက်လို့သေနော့မှာပဲ......။

"အစ်ကိုဒီမှာ ဒါမျိုးက size အတိအကျတော့မဟုတ်ဘူး မှန်းပေးတာ အဆင်ပြေရဲ့လား ကြည့်ပါဦး"

"ဟို အဆင်ပြေပါတယ် ထားတော့ ဒါပဲယူမယ် အဟင်း"

ဧကရာဇ်ဘောင်းဘီကို အိတ်ထဲအတင်းထိုးထည့်ကာ ဆိုင်ထဲက လှည့်ပြေးလာခဲ့လေသည်။ ရှက်လို့သေတော့မှာပဲ.... ။ သို့သော်ငြား နောက်ကအော်သံကြောင့် ပိုပြီးရှက်ရပြန်လေသည်။ ဧကရာဇ်ရေ တကယ်လွဲတာပဲဟ....။

"ဟိုအစ်ကို ဘောင်းဘီဖိုးလေး ပေးခဲ့ဦးလေ ရှက်ပြီးထွက်မပြေးပါနဲ့"

ဒီတစ်ခါတော့ ပိုက်ဆံကိုထိုကောင်မလေးလက်ထဲ အတင်းထိုးထည့်ကာ ပိုမိုလျှင်မြန်တဲ့ အရှိန်နှုန်းနဲ့လျှင်မြန်စွာ ပြေးရလေတော့သည်။ ဒီထက်ပိုအရှက်ကွဲရရင် ဧကရာဇ်သိန်းဈာန်တို့ သေရချည်ရဲ့။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now