အပိုင်း ၁၁

167 19 8
                                    

Z&U

ဇာမဏီတစ်လမ်းလုံးအံတစ်ကြိတ်ကြိတ်ဖြင့် ငှက်မကိုဆူလာသည်။ ဘယ်လိုပဲငှက်မက ဖြေရှင်းပေးပေး ရင်ထဲမှာအပူမီးကမငြိမ်းလှ။ ညီမလေးတစ်ယောက်ရှိပါတယ် ဖင်ပူရခေါင်းပူရနဲ့ ဇာမဏီလည်း ကြာရင်ပါသမျှအမွှေးပါ ပြောင်မယ်။

"နင်နော် ကြည့်နေကြည့်စား"

"ကိုကြီးချက်နော် ငှက်လေးကို မစွတ်ဆွဲနဲ့ မယုံရင် မင်းရဲကော ဗလကော ကိုကြီးဒီနေ့တွေ့ခဲ့တဲ့ ထိုက်သစ်သစ်ဆန်းပါ အိမ်ခေါ်လာပြမယ် အတန်းတူသူငယ်ချင်းတွေပါဆိုနေ"

"ငါ့ကိုပြန်ခံပက်မနေနဲ့ တောက်!"

ဇာမဏီအလုပ်ကိစ္စလည်းမေ့ကာ ငှက်မကိုအိမ်ပြန်ပို့ရသည်။ ဘယ်လိုမစိတ်မချနိုင်တော့။ နေနှင့်ဦး အဲ့ကောင်မလေးကို အမေနဲ့ကိုတိုင်ဦးမယ်။

ဇာမဏီ့ဒေါသတွေကို မဖြေလိုက်ရသည်မို့ စက်ဘီးကိုသာ တစ်ဂျောင်းဂျောင်းမြည်အောင် နင်းပြစ်လိုက်လေသည်။ ဒေါသတွေဒေါသတွေ လျော့လျော့။

လမ်းထိပ်ရောက်တော့ ခပ်လှမ်းလှမ်းက လမ်းလျှောက်လာတဲ့ ပန်းဥကြောင့် ဒေါသတွေများမီးကိုရေနဲ့ ငြိမ်းလိုက်သလို ရှဲခနဲ။ ငှက်မကို တစ်ယောက်တည်းပြန်ခိုင်းတော့ ဟိုကပေစောင်းစောင်းနှင့် ထိပ်နှစ်ချက်လောက် ခေါက်ပေးလိုက်မှ မျက်နှာကြီးမဲ့ကာ ပြန်သွားတော့သည်။

"ပန်းဥဘယ်ကပြန်လာတာလည်း အလုပ်ကလား"

"အထူးအဆန်းတွေ သိပ်မေးတာပဲနော်ဇာမဏီ ဒီအချိန်ကြီး အလုပ်ကပြန်လာတာဖြစ်မလားဟ စာအုပ်ဆိုင်ခဏ သွားမလို့ပါ"

"အာ"

လောကွတ်ချော်ဆိုတဲ့အတိုင်း လိုရင်းမရောက်စွာ ချော်ထွက်သွားလေ၏။ ရှက်ရှက်နှင့် ဇာမဏီသည် မျက်နှာကြီးပွတ်ကာ ချစ်ကြောင်းကြိုက်ကြောင်း ပြောခြင်သော်ငြား ခွေးအကြီးလှည်းနင်းသလိုဖြစ်နေ၍ အသံကချောချောချူချူမထွက် တအ့အ့ဖြင့်အသက်ငင်နေသလို။ ပန်းဥကတော့ ခပ်တိုးတိုးရယ်ကာ ဇာမဏီကိုလှောင်နေသည်။

"ငါ့ကို ငါ့ကို ဟိုဟာလေ ဟိုဟာ ဟိုဟာလေဟာ.."

"ဘယ်ဟာတုန်းဇာမဏီရဲ့ မရှင်းမရှင်းနဲ့ နားရှုတ်တယ်"

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now