အပိုင်း ၇

158 19 2
                                    

Z&U

"ကိုကြီးချက် ကိုကြီးချက် ငှက်လေးဆံပင်သွားညှပ်မလို့ လိုက်ခဲ့ပေး"

ဇာမဏီ ဖတ်လက်စစာအုပ်ကို ဘုန်းခနဲပိတ်ခြလိုက်လေသည်။ ဘယ်တော့မှ အေးအေးဆေးဆေး နေရတယ်မရှိ။ ညီမလေးတစ်ယောက် ရှိပါတယ် ဟိုလိုက်ရဒီလိုက်ရနဲ့ ၄ယောက် ၅ ယောက်ရှိကြည့် ဇာမဏီခေါင်းမွှေးတောင်မကဘူး တစ်ကိုယ်လုံးက အမွှေးပါပြောင်မယ်။

အဲ့ဒါပြောတာပေါ့ သမီးတစ်ကောင် နွားတစ်ထောင်လို့။ ယောက်ျားလေးတွေများ ဂွေးတန်းလန်းနဲ့ လွတ်ထားခြင်လွတ်ထား ရနေတာပဲ။ ပြေခြင်ရာပတ်ပြေးစမ်း ဘောင်းဘီမပါလည်း ok တယ်။

"နင် ပုဂ္ဂိုလ်ထူးရဲ့ အန်တီ့ဆိုင်မှာပဲညှပ်မှာမလား ကိုယ့်ဟာကိုသွားစမ်းပါဟာ"

"ကိုကြီးချက်ပြောတာနော် ငှက်လေးတစ်ယောက်တည်းသွားရင် လမ်းထိပ်က ကာလနာ မြွေပွေးကိုက်တွေက ငှက်လေးကို ပါးစပ်သရမ်းကြမှာနော်"

ငှက်မအပြောကြောင့် ဇာမဏီခေါင်းမွှေးထောင်သွားလေသည်။ အူတိုလွန်းတဲ့ အစ်ကိုဆိုတော့ စိတ်ထဲကမရိုးမယွ။ ဒီလိုနဲ့ပဲ ပုဆိုးပြင်ဝတ်ပြီး ဇာမဏီလိုက်ရပြန်သည်။





"ငှက်လေးတို့ မောင်နှစ်မပါလား လာလာဝင်ဝင် ထေရကူးထေရကူးရေ ဇာမဏီရေတသောက်နေတယ်"

"လာပြီတီတီရေ"

ပုဂ္ဂိုလ်ထူးအန်တီရဲ့ ထူးစမ်းတဲ့စကားတွေအဆုံး ပုဂ္ဂိုလ်ထူးက အိမ်ထဲကထွက်လာလေသည်။ ငှက်လေးကတော့ ဆိုင်ထဲပါသွားလေရဲ့ ဆံပင်ညှပ်ရဦးမည်ကိုး။

"မင်းအန်တီဘာတွေ ပြောသွားတာလဲကွ"

"အဟား အဲ့တာလေ အချော်တကောက်စကားတဲ့ ထားလိုက်စမ်းပါကွာ ငါပြောရဦးမယ် မင်းကိုငှက်လေးပြန်ပြောလား မသိပေမဲ့ ငါငှက်လေးတို့အတန်းကို သင်ရတယ်ကွ ပြီးတော့ မင်းရဲကိုရောပဲ ကျောင်းကကိစ္စမရှိပေမဲ့ ကျူရှင်ကကိစ္စရှိတာ ကျစ်"

ပုဂ္ဂိုလ်ထူးကတန်းလျားပေါ် ဒူးထောင်ထိုင်ပြီး ရေနွေးကြမ်းကို တစ်ဂွတ်ဂွတ်သောက်ခြသည်။ ဖြူဖြူဖွေးဖွေး ခြေသလုံးတွေကပေါ်နေသည့်အပြင် ဝတ်ထားသည့်အရောင်က အဝါနုလေးဆိုတော့ အသားအရည်က ဝင်းဝင်းပပ။ ငှက်လေးပြောသလို ဒင်းတို့က အုဖတ်နုထွက်နေကြတာပဲ။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now