အပိုင်း ၁၄

153 15 2
                                    

Z&U

ဇာမဏီတစ်ယောက်စိတ်ရှုတ်ရှုတ်ဖြင့် ဆေးလိပ်တွေကြီး  ထပ်ခါထပ်ခါ သောက်နေမိသည်။ သေခြာပေါက် ဧကရာဇ်ရှိရင် အော်လိုက်မဲ့ဖြစ်ခြင်း။ အချစ်အချစ် ဘာလို့များ ပေါက်ပန်းလေးဆယ် ကယောက်ကယက် တွေဖြစ်အောင် လာလုပ်သွားရတာပါလိမ့်။ သေခြာပေါက် ဇာမဏီ ဧကရာဇ်ကို ချစ်မည်မဟုတ် ချစ်လျှင်လည်း အဲ့ဒါရူးသွားလို့ဖြစ်လိမ့်မည်။

သို့သော်ငြား မတင်မကျခံစားချက်ကြီးက ရင်ထဲကိုးလိုးကန့်လန့်နှင့် ဗိုက်အောင်သလို ဗိုက်နာသလို အီးပါချင်သလို ချီးပါချင်သလို စိတ်တွေက အမျိုးမျိုးအထွေထွေ။ ဟူး.....။

"အစ်ကိုဇာမဏီ ဘာလို့ လမ်းပေါ်မှာဆေးလိပ်သောက်နေတာလဲ အစ်ကိုအဲ့လို မသောက်တတ်ပါဘူး"

"အေးကွာ ငါနည်းနည်း စိတ်ရှုတ်နေလို့ကွ"

ဘောလုံးအင်္ကျီကိုဝတ်ကာ ကျောပိုးအိတ်ကို တစ်ဖက်တည်းဆွဲပြီး စမတ်တကျလျှောက်လာသော မင်းရဲစိုးဈာန် တစ်နည်းအားဖြင့် ဧကရာဇ် ၏ညီ ကခပ်တိုးတိုးမေးသည်။

"ထားပါတော့ ကျွန်တော်က ထူးစမ်းနေလို့ မေးကြည့်တာပါ ဒါနဲ့ ကိုကြီး(ဧကရာဇ်) ဖုန်းဆက်သေးလား အိမ်ကိုမဆက်လို့ မေမေကတော့ အစ်ကို့ကို မေးခိုင်းနေသေးတာ"

"အာ အေး ဆက်တယ်ကွ အဆင်ပြေပါတယ်တဲ့ သူလည်း အလုပ်တွေရှုတ်နေတယ်ကွ ငါဖုန်းဆက်တာတောင် ဆယ်ခွေ့မှ တစ်ခွေ့ကိုင်တာ"

ဇာမဏီ့စကားအဆုံး မင်းရဲက နှုတ်ခမ်းကို ရှုံ့တွပြီး ဟက်ဟက်ပက်ပက် ရယ်တော့သည်။

"မလိမ်ပါနဲ့ အစ်ကိုရာ ကိုကြီးကတစ်ခြားသူဆက်ရင်သာ မကိုင်ရင်မကိုင်မယ် အစ်ကိုဇာမဏီဆက်ရင်တော့ ကောက်ခါငင်ကာ အားအားမအားအား ထပြေးတတ်တာကိုများ အခုများ ကိုဇာကြီး accident ဖြစ်ပါတယ်လို့ဆက်ကြည့် ဆက်ကြည့်မလား"

"ဟာ တော်ပါကွာ အလုပ်များနေသူကို"

ဇာမဏီ သက်ပြင်းရှိုက်ကာ ခေါင်းတွေကို ခါရမ်းပစ်လိုက်သည်။ ဧကရာဇ်က အရင်ကတည်းက သူ့အပေါ်စိတ်ရှိနေခဲ့တာပဲ။ သူကသာတုံးအနေလို့ မမြင်ခဲ့တာဖြစ်မည်။

သို့သော်ငြား သေခြာပေါက် ချစ်သူရည်းစား ဖြစ်လို့တော့ မရဘူး လေ...။

You've reached the end of published parts.

⏰ Last updated: Dec 11, 2022 ⏰

Add this story to your Library to get notified about new parts!

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now