Chapter _ 1 (Uni + Zaw )

223 14 10
                                    

Chapter _ [ 1 ]

Unicode >.<

December 12 , 2023
ဆောင်းလေတွေကဖြေးဖြေးချင်းကျွန်တော့်ရင်ဘတ်ထဲကိုတိုးဝင်လာတယ်။
ဒီနေ့မှပဲရင်ဘတ်နဲနဲပေါ်တဲ့ လည်ဟိုက်အကျီအပါးလေးကိုဝတ်လာမိတယ်။

"မောင် တွေ့ရင်ဆူတော့မှာပဲ "

Ppkrittတိုးတိုးလေးရေရွတ်လိုက်တယ်
ဒီနေ့ကBillkinနဲ့Ppတို့ရဲ့ ချစ်သူသက်တမ်း
1 နှစ်ပြည့်တဲ့နေ့
ရင်ဟိုက်နေတဲ့အကျီကိုအပေါ်လေးပြန်ဆွဲတင်ရင်း လက်က မောင်ပေးထားတဲ့ Rolex နာရီကို
တစ်ချက်ငုံ့ကြည့်မိတယ်။
ကျွန်တော်စောင့်တာကြာရောပေါ့
ညနေ၅နာရီကတည်းကစောင့်နေခဲ့တာခုဆို
၁၀နာရီတောင်ထိုးလေပြီ။

မောင့်ကိုဖုန်းမဆက်ချင်ပါ
မောင်ကဆရာဝန်ဆိုတော့ သိပ်အလုပ်များတယ်လေ။
မောင်စိတ်ရှုပ်မှာကျွန်တော်မလိုလားပါ
ကျွန်တောမဆက်ပဲစောင့်နေလိုက်တယ်။
၁၀နာရီခွဲတဲ့အချိန် ဖုန်းScreenလေး အရောင်လင်း
လာသည် ။

" မောင် ❤️ " ဆိုတဲ့နာမ်စားလေးတစ်ခု
"မောင်မလာဖြစ်တော့ဘူး P ကိုယ်အရေးကြီးကိစ္စလေးပေါ်လာလို့ အရင်ပြန်နှင့်လိုက်ပါနော် "

ဖုန်းတောင်ဆက်မပြောဖို့အချိန်မရလောက် အရမ်းအရေးကြီးနေလို့လား မောင်အရမ်းပြောင်းလဲသွားတယ်အရင်ကနဲ့မတူတော့ဘူး။

"အင်း မောင် "
ကျွန်တော်အက်တာလေးပဲ ပြန်ဖို့လိုက်တယ်
မောင်ကစာတောင် မ Seenသွားရှာဘူး။

ကျွန်တော်သိပ်ဝမ်းနည်းတယ်ဗျာ
"ဟက် " ကျွန်တော်ခေါင်းတွေကိုလက်တွေတိုးဖွ
ရင်းကျွန်တော် ရယ်ကျဲကျဲလုပ်ကာ ရေရွတ်လိုက် သည်။
ဒါကပထမဆုံးအကြိမ်မှမဟုတ်တာ မောင်ရယ်
Pတို့စတွဲပြီး ၁လ ဟုတ်တယ် ၁လပြည့် Anniversary တုန်းက မောင် Pရဲ့ဘေးမှာရှိနေခဲ့ပြီးအတူတူဖြတ်သန်းခဲ့ကြတယ် ။ဟုတ်သားအက်နေ့ကပဲ ကျန်တဲ့တခြားသောAnniversary တွေမှာလဲအခုလိုပဲအကြောင်းအမျိုးမျိုးကြောင့် မောင် အခုလို ပြောသွားတာတွေ
ကြည်းပဲ။

မောင်သိလား Pက မပြည့်ဆုံတဲ့ဘဝကမို့ လောကဓံကမပူဆာတတ်အောင်သင်ပေးထားပြန်တယ်
ဖေဖေမေမေတို့မရှိကတည်းက P တစ်ယောက်တည်း ဖြတ်သန်းလာခဲ့ရတာ မောင်ပေါ်လာပြီးနောက်ပိုင်းမှာပဲ မောင်က Pရဲ့ဒဏ်ရာတွေကိုကုစားပေးခဲ့တာ။

ဖေဖေမေမေတို့မရှိတဲ့အတွက်ကြောင့် မေတ္တာ
ငတ်ခဲ့ရတဲ့ကျွန်တော်အတွက် မောင်ပေးတဲ့
ဂရုစိုက်မှုသေးသေးလေးတွေကစ
ကျွန်တော်မက်မောမိတယ်။
ဖေဖေမေမေမေသတ်ခံရတဲ့ကိစ္စလည်း
ကျွန်တော်စုံစမ်းနေတာရာမှာလည်း
မောင် ကအစစအရာရာလိုက်ကူညီပေးခဲ့တယ်။
မောင့်ကိုကျွန်တော့်အပိုင်ပဲဖြစ်စေချင်မိတာ
မောင့်အချစ်တွေကို Pတစ်ယောက်ထဲအတွက်ပဲ
ဖြစ်ပေးလို့မရဘူးလားဟင် ။

Pဒီတစ်ခုတော့လိုလိုချင်ချင်နဲ့လောဘတက်မိတယ်
မောင့်ကိုတော့ဖွင့်မပြောခဲ့ဖူးတဲ့စကားလေးတစ်ခွန်း

If Love Be Sin حيث تعيش القصص. اكتشف الآن