Chapter_13 {Uni+Zaw}

104 10 0
                                    

Unicode >.<

မနေ့ညက အတွေးတွေလွန်ကာ နောက်ကျမှအိပ်ပျော်သွားတယ် ပင်ပန်းပင်မယ့်လည်းပေါ့ ။
ဒါတွေကိုဘယ်သူကသိမှာမို့လဲ အဆင်ပြေချင်
ယောင်ဆောင်ထားရတာ သိပ်ခက်ခဲလှတယ်။

ကြက်တွေတောင်တွန်နေပြီဖြစ်ကာ၊
ကျေးငှက်တွန်သံတွေကိုပါ အထင်းသား
ကြားနေရသည်။
ဒါပေမယ့်မထချင်သေးပါ ၊မထချင်လို့
ဆိုတာထက် မထနိုင်တာဆိုပိုမှန်မယ်။
"အီး ဟင့်"
ကျွတ်!ကျွတ်!

မျက်လုံးလေးမဆိုတလောက်ဖွင့်ကာ သားငယ်လေးကိုစောင်လေးဆွဲခြုံပေးပြီး တင်ပါးလေးကိုပုတ်ပေး
လျက်ချော့ကာပြန်အိပ်သွားသည်။

၂နာရီလောက်ကြာပြီးနောက် အကိုPeaအခန်းတံခါးကို လာခေါက်သည်။
ထိုမှသာ မထချင်,ထချင်နှင့် မျက်စိနှစ်ဖက်ကို
ပွတ်သတ်၍ တံခါးပေါက်ဖွင့်ပေးလိုက်သည်။

"၉နာရီကျော်နေပြီ Pp ဒီနေ့Companyကိုမသွားဘူးလား"
"အယ် မေ့နေလို့ဟီး"
Ppkritt သွားလေးတွေစိကာ Peaကိုပြန်ဖြေပြီးနောက် အမြန်ပင်ရေချိုးခန်းထဲသို့ဝင်သွားသည်။
သားငယ်Pillလေးကိုလည်း ရေတစ်ခါတည်းချိုးပေးပြီး ဆင်းလာလိုက်သည်။

"တက် အကိုလိုက်ပို့မယ်"
"ဟာမဟုတ်တာ"
"သူစိမ်းတွေမှမဟုတ်တာ တက်ပါ"
ငြင်းမရသည့်အဆုံး Ppkirtt Pillရဲ့လက်မောင်းသေးသေးလေးတွေကနေ မ,ကာ ကားပေါ်သို့တက်စေကာထွက်လာခဲ့သည်။

"သား စာကောင်းကောင်းလိုက်လုပ်နော်"
"ဟုတ် ပါးပါး တာ့တာ့"

Pillလေးကိုပါကျောင်းတစ်ခါတည်းလိုက်ပို့ကာ Companyသို့တန်းတန်းမှတ်မှတ်အကိုPea
မောင်းနှင်လာခဲ့သည်။

Pillနှင့် Kikiကိုအတူတူမြင်ရတာPpkritt မကြိုက်ပေ။
အရင်တုန်းကတော့ သားသူငယ်ချင်းမို့
သူ့မိဘတွေကိုမသိသေးလို့ Kikiကိုတောင်
ကို့သားအရင်းလိုချစ်မိသေး ။
ခုတော့Billkin ရဲ့သားဆိုတာသိပြီး
သိပ်စိတ်ပျက်မိသည် ။

စိတ်ပျက်သည်ဆိုတာထက် သိပ်ဝမ်းနည်းသည်။
သားအချစ်ဆုံးသူငယ်ချင်းရဲ့အဖေက သူ့အဖေဆိုတာသိရင်ရင်ကွဲရချည်ရဲ့။

Company ရှေ့ရောက်တော့ တွေးလက်စကို
ခက်မြန်မြန်လက်စသတ်ကာ ကားပေါ်ကဆင်းသည်။
Ppkritt ကားမဟုတ်၍ ဒီနေ့တော့ကားပါကင်ထိုးစရာမလိုတော့ကြောင့် Companyရှေ့တည့်တည့်သာချပေးလိုက်သည်။
"ဖိုက်တင်းနော် Pp"
"ဟုတ် Fighting ပါ ဖြေးဖြေးမောင်းသွားနော်"
Peaကားမှန်ကိုချကာ Ppkrittကိုပြောနေခြင်းပင်
ဖြစ်သည်။

Ppkritt မလာသေးလို့ မျှော်ပြီးစိတ်ပူနေတဲ့ Billkin ကတော့မျက်ခုံးတွေချက်ချင်းပင်ကျုံ့လျက်စူးစိုက်ကာ Companyရဲ့ အမြင့်ဆုံး အထပ်ကနေ ကြည့်နေမိသည်။

"တောက် !အက်အကောင်ကဘယ်သူလဲ "

Pkrittထိုသူကို လက်ပြကာနှုတ်ဆက်ပြီး Companyထဲဝင်လာသည်အထိ မျက်စိတစ်ဆုံးအပေါ်ထပ်ကနေစပ်စုနေမိသည်။

"ဒီနေ့နောက်ကျတယ်နော်  "
"အင်း"
PPKrittလုပ်လက်စ fileတွဲကိုလက်မှတ်ထိုး၍
မကြည့်ဘဲဖြေသည်။

If Love Be Sin Hikayelerin yaşadığı yer. Şimdi keşfedin