20 [Final] {Uni+Zaw}

131 9 0
                                    

Unicode >.<

PPဟာ Pillဆီကပြန်လာပြီးကတည်းက ထမင်းလည်းမစား စကားလဲမပြောနဲ့ အိပ်ယာထဲမှာပဲ တဘုန်းဘုန်းလဲနေတယ်။
Billkin Ppရဲ့ခေါင်းအုံးကိုလဲ တနေ့၅ကြိမ်လောက်လဲပေးရသည်။
တခြားတော့မဟုတ် PPKrittရဲ့ မျက်ရည်တွေနဲ့ ခေါင်းအုံးကအမြဲ စိုရွှဲနေသောကြောင့်ပင်။
"Pထအုံး ထမင်းစားမယ်"
"ဟင့်အင်း မစားချင်ဘူး"
PPktittကအမြဲအက်လိုပဲ ခေါတဲ့အခါတိုက်းမစားချင်ဘူးနဲ့ စားတဲ့အခါကျလည်းတစ်ဇွန်းလောက်ဝင်ရုံပဲရှိသေး ဗိုက်ပြည့်ပြီဆိုသော အကြောင်းပြချက်နဲ့ပင် ငြင်းသည်။

"မောင် ခရုဆန်ပြုတ်လေးလုပ်ထားပေးခဲ့တယ်နော် "
"နေပါအုံး မောင်ကဘယ်သွားမို့လဲ"
"မောင် အလုပ်ကိစ္စရှိလို့ပါ Pရဲ့"
"အလုပ်ကိစ္စ အလုပ်ကိစ္စနဲ့အိမ်မှာ ပြန်မအိပ်တာ ဘယ်နှစ်ညရှိပြီလဲပြောလေ အထီးကျန်နေ ၊ ဝမ်းနည်းနေတဲ့ငါ့ဘေးမှာနေပေးရမှာမဟုတ်ဘူးလား "
"Pမောင်ကလေ တောင်းပန်ပါတယ်အလုပ်က"
"သွားသွား အလုပ်ကအက်လောက်အရေးကြီးနေတယ်မလား ပြန်မလာခဲ့နဲ့"

Billkin"P.."ကိုသံရှည်ဆွဲပြီးတစ်ခွန်းပဲပြောကာ ထွက်လာလိုက်သည်။
PPkritt သိပ်ဝမ်းနည်းသည်။
သားPillလေးဆုံးသွားပြီး ကတည်းက အထီးကျန်ပြီး လမ်းပျောက်နေတာကို Billkinကအနားမှာရှိမနေပေး။
တစ်ခါတလေသံသဝင်မိတယ် သားလေးမရှိတော့လို့ မောင်လဲပီ့ကို မချစ်တော့ပဲ အသစ်တွေ့နေပြီလားလို့လေ။
ဒီနေ့လည်း PPkritt ရဲ့မျက်ရည်တွေကျလျက်အိပ်ပျော်သွားခဲ့တယ် ။အဖော်ဆိုလို့ ကောင်းကင်ပေါ်က လခြမ်းမှိန်မှိန်လေးသာရှိတယ်။ကြယ်ကလည်းတစိုးတစိမျှမရှိ။

ဒီတစ်ပတ်ရုံးချိန်းမှာတော့ Kedစ်သတ်တကျွန်း ထောင်ကျသွားတယ်။ 
သူလုပ်ခဲ့တဲ့ အ ပြစ်တွေကဒီထက်ပင် ပေးဆပ်ရအုံးမှာလေ။
Kedလည်း ဘယ်လိုပဲပိုက်ဆံတွေလိုက်လိုက်
အချည်းနှီးသာဖြစ်ခဲ့တယ် ။

PPkrittကောBillkinသိပ်ကိုကျေနပ်လှသည်။
Ppkrittကတော့ အပြည့်အဝမပျော်နိုင်ပေ။
Pillကိုသာ သတိရနေမိတယ် ဒီချိန်မှာ
သားငယ်လေးသာရှိရင် ပါးပါးတိူ့ဘဝက
ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ
ဒါတွေတွေးတိုင်းPkritt ရင်နာလှသည်။
Billkinကတော့ထုံးစံအတိုင်း Ppkrittကို
တစ်ယောက်ထဲထားခဲ့ပြီး အလုပ်ကိစ္စဆိုပြီး
ထွက်သွားပြန်ပြီ။

ဒီတေ့ညလည်း Ppkrittရဲ့အဖော်က လခြမ်းသာ။
ညနက်တွေမှာ ရင်ဖွင့်ရာရပ်ဝန်းလေးဖြစ်ပေးလို့ PPkrittသိပ်ကိုပင်ကျေးဇူးတင်လှတယ် ။
လခြမ်းကလေးကို ရင်ဖွင့်နေတာ ။
အိပ်မက်ထဲထိရောက်လာပြီး
လခြမ်းကွေးကွေးလေးကလဲပြန်နှစ်သိမ့်ပေးရှာပါတယ်။
ပြည့်စုံနေတဲ့လူရယ်ဆိုတာမှ မရှိတာ။
လူမှမဟုတ်ဘူး ငါ့မှာလည်း ပြည့်စုံမှုဆိုတာမရှိဘူး။
ခုတောင် ငါ့လဝန်းလေးက တခြမ်းပဲရှိတယ်လေ။
တခြမ်းကို မောင်မဲထူထဲတဲ့ တိမ်ဆိုင်တွေက
ဖုံးကွယ်ထားတယ်။
ငါ့ရဲ့လှပထိန်သာလွန်းလှတဲ့လပြည့်ပြည့်လေးကို
လူတွေကို ပြသဖို့ရာ ခုလိုတိမ်မဲကြီးတွေ ကြောင့် မပြသနိုင်ဘူးလေ ။
ဒါပေမယ့် ကြိုးစားပိုင်ခွင့်ရှိတယ်။
အမြန်ဆုံးလှည့်ပတ်နေမှ ကိုယ့်ဘက်ကလည်း
အတတ်နိုင်ဆုံးဒီတိမ်မဲကြီးဆီက
လွတ်မြောက်အောင် ကြိုးစားရင်
ငါ့လှပမှုကို မင်းတို့မြင်တွေ့နိုင်မှာပါ။
အက်တော့လူလေး မင်းဒီလိုပဲ ဆက်ပြီး
နေနေမယ်ဆိုရင်ဘာမှဖြစ်လာမှမဟုတ်ဘူး။
ကျန်နေတဲ့အချိန်တွေမှာ အားစိုက်ပြီး
ကိုယ့်ကိုပျော်ရွှင်စေနိုင်တာတွေကိုပဲလုပ်ပါ။
အကောင်းဆုံးအသုံးချပါ။

If Love Be Sin Where stories live. Discover now