Chapter_11{Uni+Zaw}

99 11 0
                                    

Unicode>.<

နောက်တစ်ပတ်CEO အဖြစ် "Parallel "Company မှာ ဝင်ရန်Ppkrittအတွက်သိပ်ကိုအလုပ်ရှုပ်နေလှသည်။
Ked နေမကောင်း၍ အိပ်ယာထဲလှဲနေရသည့်
အကြောင်း Ppkritt ကိုMailကနေတဆင့်
ဆက်သွယ်ထားကာ Managerနှင့်သာ
အကုန်အလုပ်တွေပုံအပ်ထားကြောင်း
တွေကိုကြိုတင်အကြောင်းကြားထားပြီးနှင့်သား
ဖြစ်သည်။
Ppkritt ပိုကျေနပ်သွားသည် ခုချက်ချင်းကြီးသူဘယ်သူဆိုတာ မသိစေချင်သေး ၊ဒီထက်ပိုပြီးမှန်းထားတာထက်ရမှသာ သူထိတ်တိုက်တွေ့ချင်သည်။
ခုတော့Managerနဲ့ပဲတစ်ဆင့်ဆက်သွယ်ရမှာဆိုတော့သူကျေနပ်လှသည်။
အလုပ်တွေကိုပိုပြီးဖိလုပ်ရတော့ Ppခမျာ
အရင်ထက်ပိုပိန်သွားသည်မှာဧကန်ပင်ဖြစ်သည်။
သားကိုလဲကြိုဖို့အချိန်မရှိတာကြောင့်အကိုPeaကိုသာအပ်ထားရသည်။

~~~~~~~
"သားPillလေးအိမ်ကလာမကြိုသေးဘူးလား"
"ဟုတ်ရယ် အန်တီyu ပါးပါးကောဦးဦးကောမအားလို့ယေ"
"အန်တီတို့စောင့်ပေးမယ်နော် လာတဲ့အထိ"
"ဟုတ် Thank u so much ဟီး"
ကားပေါ်မှာစောင့်နေသည့် Billkinက Yukiတို့ချက်ချင်းမလာသေးသဖြင့် ဆင်းကာလိုက်လာသည်။

"ဟာ !ဦးဦး"
Billkinကိုမြင်တော့ လက်လေးနှစ်ဖက်ဆန့်ကာ ပွေ့ချီခေါ်ခိုင်းသည့်ပုံလုပ်သည်။
Billkinလည်း Pillနှင့်ဒုတိယအကြိမ်
ဆုံချင်းဖြစ်စေကာမူ ချက်ချင်းအင်ပွေ့ချီလျက်
ပါးဖောင်းဖောင်းလေးနစ်ဝင်သွားသည်ထိ
နမ်းရှိုက်မိသည်။
"သားငယ် Pillလေး ကအမြဲချစ်စရာကောင်းနေတော့တာပဲနော် ဘယ်သူနဲ့တူလို့ပါလိမ့်"
"ဟီး သားကပါးပါးနဲ့တူယို့ယေ
ဦးကတော့ချစ်စရာကောင်းဝူး ဒီမွှေးတွေကြောင့်လေ ကတ်ကြေးနဲ့ညှပ်ရိုပ်ရော် သားကြိုက်ဝူး"
"ဟင် အင်းပါသားမကြိုက်ရင်ဦးရိတ်လိုက်ပါ့မယ်"

Kikiကမကြိုက်ဘူးပြောရင်တောင်
မရိတ်ဘူးလို့အမြဲငြင်းတဲ့Billkinက Pillနှင့်ကြမှ
ချက်ချင်းပင်လက်ခံမိသည်
"အဟမ်း!! မသိရင်သားဖကျနေတာပဲ Yukiတို့သားမိကိုလည်းရှိတယ်လို့ထင်ရဲ့လား"
​YukiပြောကာမှBillkinကောPillပါ မခို့တရို့ရီမိသည်။

"Pillက အကိုနဲ့တူလိုက်တာနော်"
"ဟင် Yukiကအက်လိုမြင်တာလား"
"ဟုတ်တယ်လေ ကြည့်ပါလားတပုံတည်းပဲ ဟိုနေ့ကအခန်းရှင်းရင်တောင်အကိုငယ်ငယ်ကပုံတွေ့သေးတယ် အိမ်ရောက်ရင်ပြမယ် တပုံစံတည်းပဲ"

Billkinလည်းPillကိုကြည့်မိကာမှ PPအပြင်သူနှင့်သိပ်တူနေသည်ကိုသတိထားမိသည်။
~~~

"ပါးပါး"
"ပါးပါး ယို့" လက်ညိုးလေးကိုတစ်ဖက်နှင့်တစ်ဖက်ထိထားကာဆိုသည် 👉👈။
Computerရှေ့ထိုင်ကာ တနေ့လုံးအလုပ်လုပ်နေ
သည့်Ppkrittနား Pillတို့ကပ်ချွဲနေပြန်သည်။
Pillရဲ့ခါးကနေပွေ့ချီလိုက်ကာ Ppkrittပေါင်ပေါ်
တင်လိုက်သည်။

"ပြောပါဗျ ဘာအလိုရှိလို့ပါလဲခင်ဗျာ"
"သားသား ကစားကွင်းသွားချင်ယို့ "
"ပါးပါးမအားသေးလို့ နောက်နေ့မှလိုက်ပို့မယ်နော်"
"အီး ပါးပါးကကျင့်ပုတ်ရယ် Kikiတို့ဆိုနက်ဖန်ကျကျောင်းပိတ်ယို့သွားလည်ကြမှာတဲ့"
"မနက်ဖြန်ကျ ပါးပါးချိန်းထားတာရှိလို့ပါသားငယ်လေးရဲ့ ဦးဦးpeaကလဲမအားဘူးဖြစ်နေတယ်"
"ဒီသားဖနှစ်ယောက်ဘာတွေဖြစ်နေကြတာလဲ"
"..."
"သားPillက အရမ်းသွားချင်နေလို့ထင်ပါတယ် Ppရဲ့Kikiတို့နဲ့ထည့်လိုက်ရင်ရော"
"ကျွန်တော်သူစိမ်းတွေနဲ့စိတ်မချပါဘူး"

If Love Be Sin Where stories live. Discover now