Chapter _3 {Uni + Zaw}

96 11 0
                                    

Chapter _ [ 3 ]

Unicode ><

မေမေတို့ကိစ္စအတွက် စုံစမ်းရန်Pp Billkin နှင့်အတူ မနက်စာစားပြီး ကတည်းကထွက်လာလိုက်သည် ။

Uncle Vark အိမ်မှာBillkinရော Ppရော Uncle varkနဲ့တွေ့ရန်ရောက်လာခဲ့သည်။
Uncle Vark ဆိုတာ ဖေဖေတို့ရဲ့ အလုပ်ကလူယုံသာ
ဖြစ်သည်။

PP လေးနှစ်သားအရွယ်က ဦးလေးVarkရဲ့သား Ppထက်နှစ်နှစ်ကြီးသည့် Peaနဲ့ဆော့ဖို့ဆိုပြီး Varkတိူ့အိမ်မှာထားခဲ့လေသည် အလုပ်လည်းရှိသေး
သည်ဖြစ်၍ ပြန်လာမှဝင်ခေါ်မယ် ဟူသော
အကြံနှင့်ပင်။
သို့သော်ငြား မေမေတို့ကား Accident ဖြစ်သွားတယ်လို့ကြားပြီး PP အရမ်းငိုခဲ့ရသည် ။
၅နှစ်သားအရွယ်နဲ့ ကြံကမ္မာကဖန်တီးပေးခဲ့တဲ့
ဒဏ်ကို PPမခံမရပ်နိုင်ဖြစ်ခဲ့ရသည်။
ဆွေမျိုးသားချင်းလဲမရှိသဖြင့် Varkတို့အိမ်က PPကိုခေါ်ထားဖို့လုပ်ပါသေးတယ် ။

အခြေအနေတွေက မျှော်လင့်သလိုမဖြစ်လာ အကြောင်းမှာ PPတို့ Company ဒေဝါလီခံလိုက်ရသ
ဖြင့် Varkတို့လည်း ကိုယ့်ဝမ်းစာအတွက်တောင်အနိုင်
နိုင်ဖြစ်ကာ ဘုန်းကြီးကျောင်းမှာတွင်သာနေထိုင်ရ
သည် ။ သားPeaကိုတော့ သူ့အဒေါ်ရှိတဲ့ Americaကိုပို့ထားရ၍ PPကိုခေါ်ထားဖို့ဘယ်လိုမှမဖြစ်ခဲ့။

​ထို့ကြောင့် PP သည်လည်းမိဘမဲ့ဂေဟာမှာ အရွယ်တစ်ခုရောက်တဲ့အထိ နေထိုင်ခဲ့ရသည်။
၁၇နှနှစ်ခန့်က မေမေနဲ့ဖေဖေတို့က ရိုးရိုး Accident ဖြစ်ပြီးဘရိတ်ပေါက်တာမဟုတ်ပဲ လုပ်ကြံမှုတစ်ခုကြောင့် ဆုံးသွားခဲ့ရှာတာကို ဟို တစ်လောက ဦးလေးVarkနဲ့အမှတ်မထင်ဆုံရင်းနဲ့မှ ပြောဖြစ်သည်။
ဦးလေးVark အရေးကြီးနေသဖြင့် ခုမျှလောက်သာပြောပြခဲ့ပြီး အိမ်လိပ်စာသာ ပေးခဲ့ခြင်းသာ ။

"ဒါက သားဖေဖေတို့ Company ရဲ့ရှယ်ယာရှင်တွေစု
ရိုက်ထားတဲ့ပုံပါ "

"ဟင် ဒီဘေးကတစ်ယောက်ကကျွန်တော့်ရဲ့မေမေပုံပါ"

"ဟေ ဟုတ်လားကွဲ့ "
PကောKinကောဦးလေး Varkပါ အံ့ဩလို့မဆုံးကြပေ။

"ဦးလေးစိတ်မကောင်းပါဘူး သားအမေကိုယ့်ဟာကို အဆုံးစီရင်သွားတာ ဦးလေးကြားခဲ့ပါသေးတယ် "

"ဟုတ်ရပါတယ် ဦးလေး ကျွန်တော်လည်းမကယ်နိုင်ခံဘူး အက်တုန်းကကျွန်တော် ၃နှစ်သားမို့ ဘာကိုမှရေရေရာရာနားမလည်ခဲ့ဘူး မေမေဆုံးတဲ့နေ့မှ
ကျွန်တော့်မှာဖေဖေရှိသေးမှန်းကျွန်​တော်သိခဲ့ရတာ ဖေဖေရှိလို့ပေါ့ မဟုတ်ရင်ကျွန်တော်ဘဝလည်း အက်နေ့ကတည်းကအဆုံးသတ်နေလောက်ပြီ "
"အော် သားရယ် .."

PPကောVark ပါBillkin စကားကြောင့် ဝမ်းနည်းနေကြသည်။
P လည်းBillkin ပခုံးကိုအသာလေးပုတ်ပေးကာနှစ်သိမ့်လေသည် ။

"Uncle သားအမေသေဆုံးတဲ့အကြောင်း သားကို
ပြန်ပြီးအမှုပြန်လိုက်စေချင်တယ်သားဦးလေးအထင် သားအမေကသားကိုပစ်ပြီးအက်လိုလုပ်သွားမယ့်သူမဟုတ်လို့ပဲ ဦးလေးတို့ကရင်းနှီးတော့ဦးလေးအတပ်သိတယ်သား..billkin ပြီးတော့သားဖေဖေနဲ့ကောသားအဆင်ပြေရဲ့လား"
"ဟုတ် ဖေဖေနဲ့ကအဆင်ပြေပါတယ် မေ့မေ့ကိစ္စပြန်စုံစမ်းဖို့အတွက် ကျွန်တော်ဖေဖေ့နဲ့တိုင်ပင်လိုက်ပါ့မယ် "

If Love Be Sin जहाँ कहानियाँ रहती हैं। अभी खोजें