Chapter_12{Uni +Zaw}

100 11 0
                                    

Unicode >.<

"P!"
အသံလာရာကို Ppလှည့်ကြည့်သည့် အခိုက်
ရင်းနှီးခဲ့ဖူးတဲ့မျက်ဝန်းတစ်စုံက အနည်းငယ်
လန့်ကြားနေပုံ နှုတ်ခမ်းမွှေးတွေပါအရင်နှင့်မတူ
ထူထဲသောBillkinကိုတွေ့သည့်အခါ
Ppkrittမျက်နှာချက်ချင်းပင်ခက်ထန်သွားသည်။
Ppkritt ရှိရာကိုBillkin မတုံ့မဆိုင်းပြေးလာမိသည်။

"Pကိုယ်တို့မတွေ့"
"ငါမှာမင်းနဲ့ပြောစရာစကားဘာမှမရှိဘူး!"
Billkinစကားပြောလို့တောင်မဆုံးသေးဖြတ်ပြော
လိုက်သည့် PPkrittကြောင့်Billkinကြောင်အမ်းအမ်း။

ထို့နောက် ရုံးအတွင်းကတာဝန်ရှိသူတွေထွက်လာ၍ ppkrittကိုCompanyအတွင်းသို့ခေါ်သွားသည်။
Billkinလည်းကြောင်အမ်းအမ်းနဲ့ ထွက်သွားတဲ့
ကျောပြင်ပြေပြေလေးအားငေးကြည့်ပြီး
ကြောင်ရပ်နေမိသည်။

"အကိုလေး Billkinဘာလုပ်နေတာလဲသွားမယ်ရှင့်"
ရုံးကဝန်ထမ်းကောင်မလေးပြောမှသတိဝင်ကာ Companyအတွင်းသို့လိုက်သွားသည်။

Ppkrittလက်မခံချင်သော်လည်းအလုပ်ကိစ္စသာဖြစ်၍ Billkinကသူ​၏ အတွင်းရေးမှူးဆိုတာကို
လက်ခံလိုက်ရသည်။
အမှန်တော့Managerဆိုတာထက် အတွင်းရေးမှူးလိုဆိုပိုမှန်မည် ။
Managerဆိုတာ Billkinလက်မခံမှာဆိုး၍
Kedအလိမ်အညာဆိုခဲ့ချင်းပင် ခုမှအတွင်းရေးမူး
ဆိုတာBillkinလည်းသိရသည်။
Billkinလည်းPpkrittဖြစ်တဲ့အတွက်ကြောင့်အတွန်မတက်ပဲ လက်ခံလိုက်သည်။
အလုပ်ကိစ္စ ဘယ်လိုခန့်ခွဲတာတွေ ဘယ်လိုရှိကြောင်းတွေဆွေးနွေးလိုက်တာ ညနေရုံးဆင်းချိန်တောင်ရောက်နေပြီဖြစ်၏။
အားလုံးထွက်သွားပြီးနောက် အခန်းငယ်အတွင်း
နှစ်ယောက်ထဲသာကျန်ရှိနေခဲ့သည် ။
အချိန်တစ်ခုအထိနှစ်ယောက်သားစကားမပြောဖြစ်။စာချုပ်စာတန်းကိစ္စတွေနဲ့သာ အလုပ်ရှုပ်နေခဲ့သည်။
Billkinကတော့Ppမျက်နှာကိုအရိပ်တကြည့်ကြည့်
Ppkrittမျက်နှာကတော့ တည်တည်နဲ့ဆူပုတ်နေသည်။

"P က CEOဖြစ်မယ်လို့ မထင်ခဲ့ဘူး"
တိတ်ဆိတ်နေမှုကို Billkinကပဲစတင်ဖြိုခွင်းလိုက်
သည်
"ငါ့နာမည်Ppkritt ငါ့ကို Pလို့မခေါ်နဲ့ ရင်းနှီးနေတဲ့
ပုံမလုပ်နဲ့"
Ppkrittစကားကြောင့်Billkinအနဲငယ်စွံ့အ,သွားမိ
သည်။

"အရင်ကလည်း အက်လိုပဲခေါ်နေကြလေ "
"အရင်နဲ့အခုနဲ့မတူတော့ဘူးလေ"
"Pဘာလို့အက်လိုဆက်ဆံနေရတာလဲ ဘာလို့ပြောင်းလဲသွားရတာလဲ"
"လူတိုင်းကပြောင်းလဲတတ်တယ်လေ"
"ဒါမဲ့ မောင် က"
Billkinနှုတ်က "မောင် "ဆိုတာထွက်လာတော့Ppkritt မဲ့ပြုံးပြုံးကာ ချက်ချင်းပင်စကားဖြတ်ပြောလိုက်သည်။

"ဒီမှာBillkin Putthipong အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုမရောပစ်နဲ့ ငါအလုပ်လုပ်ဖို့
လာတာ မင်းနဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေပြောဖို့
လာတာမဟုတ်ဘူး"
"P!"
"တော်တော့ မခေါ်နဲ့လို့ပြောထားတယ်လေ !ဒီစာတန်းကိုမနက်ဖြန်ညနေ အပြီးလုပ်ထားလိုက်ဒါပဲ"
Ppkrittချက်ချင်းပင်ထထွက်လာလိုက်သည်။

If Love Be Sin Where stories live. Discover now