Chapter_14{Uni+Zaw}

92 9 0
                                    

Unicode >.<

PPkritt ပိတ်ရက်၂ရက်အတွင်း ကောင်းကောင်းမနားရခဲ့ပါ ။
တရက်က Pillလေးကိုမပျင်းရအောင် တရိစ္ဆာန်ရုံ
လိုက်ပို့ခဲ့သည် ။ထိုနေ့ကပျော်ရမည်ထင်ခဲ့တာ
မှန်းချက်ကနှမ်းထွက်နဲ့မကိုက်ခဲ့ပေ။
တစ်ချိန်ချိန်မှာ ရင်ဆိုင်ရမယ့်အခက်အခဲကြီးက
ခုလိုပြုန်းစားကြီးချက်ချင်းဆိုသလိုကြုံတွေ့ခဲ့ခြင်း
ကြောင့်စိတ်ထိခိုက်ရသည်။
ထိုစိတ်ကြောင့်ပင် စိတ်ပင်ပန်းလူပင်ပန်း
PPkritt တစ်ယောက်ထဲဟုထင်သည်လား ၊
မဟုတ်ခဲ့ပါ ။ဒီဒဏ်ရာက သားလေးရော Billkinဆီကိုပါထိရောက်သွားသည်။

တနေကုန်တညလုံး စက္ကန့်တွေတာလည်သွားတယ်
ကျွန်တော် တစ်ချိန်လုံး ကျွန်တော့်မျက်လုံးကနေမျက်ရည်ပူတွေကျဆင်းတာတွေမရပ်ခဲ့ပါ။
Pillလေးကကျွန်တော့်သားတဲ့လား ။
ဘယ်ချိန်ကတည်းက ကိုယ်ဝန်ရှိနေခဲ့တာလဲ။
ဘာလို့ ထုတ်မပြောခဲ့တာလဲ ။
ဒါမှမဟုတ် ဆရာဝန်ဖြစ်နေလျက်နှင့် ဂရုမစိုက်ခဲ့တဲ့။
ကျွန်တော့်အမှားတွေကြောင့်လား။
ကျွန်တော်အချိန်မပေးနိုင်ခဲ့လို့ မသိခဲ့တာလား။
ဟုတ်သည် ၊ကိုယ့်ချစ်သူတစ်ယောက်လုံး
ကိုယ်ဝန်ရှိနေခဲ့တာကို မသိခဲ့လောက်အောင်
ကျွန်တော်က သိပ်တုံးအပြီးမိုက်ရူးရဲဆန်ခဲ့ပါတယ်။

ကျွီ!
အခန်းတံခါးကိုအသာအယာလေးဖွင့်ကာ PPkritt Pillရှိရာအခန်းငယ်ထဲသို့ဝင်လာသည်။
လက်ထဲကလည်း ထမင်းဗန်းလေးကိုကိုင်လျက်
"သားငယ်လေး ထမင်းစားချိန်ရောက်ပြီထမင်းစားမယ် ခဲတံချတော့"
Pill ခေါင်းတောင်မော့မကြည့်ပဲ ဆွဲလက်စပုံကို ဆက်ဆွဲသည် ။
"သား ပါးပါးပြောနေတယ်လေ "
ဒီတစ်ခါလည်း Pill ထုံးစံအတိုင်းပင်

"ပါးပါးပြောနေတာ မကြားဘူးလား Pillkin kritt"
Ppkritt အော်လိုက်တော့ Pillခန္တာကိုယ်လေး ဆက်ခနဲ တုန်ထွက်သွားကာ၊

"အီး ပါးပါးက လူဆိုးကြီးအီး"
" ခဲတံချလိုက်!"
"ပါးပါးအော်လိုက်ယို့ သားလက်ကမှားပြီး ဖိခြစ်မိတာ စာရွက်ပြဲသွားပြီ အီး"
"ပြဲသွားလဲအသစ်ပြန်ဆွဲလို့ရတယ် မငိုနဲ့"
"ဟုတ်ဝူး ခုဆွဲထားတာက မိသားစုသုံးယောက်ပုံ ပါးပါးကြောင့်ပြဲသွားပြီး လူတွေကွဲကုန်ပြီဟင့်ပါးပါးက
မိသားစုကိုဖျက်ဆီးတာ အီး "

PPKritt သူလွန်သွားတာသူသိကာ

"တောင်းပန်ပါတယ် မငိုနဲ့နော် ပါးပါး အပြဲမလွယ်တဲ့
စာအုပ်ဝယ်ပေးမယ်လေနော်"
PPkritt Pillကိုပြန်ချော့နေသည် ။
ဟိုနေ့ကဆူပြီးလက်ခဲပါမိကာ ခုထိအခန်းထဲပိတ်ထားတုန်း ။
ကျောင်းကလဲပိတ်ရက်မို့ မဟုတ်ရင်ပေးမသွားပါ ။မနက်ဖြန်ဆိုရင်တောင် ကျောင်းဖွင့်ပြီဖြစ်တယ် ။
သားကိုလက်ပါမိတာကြောင့်သားက ငိုတာမဟုတ်ပဲ
Billkinဆီကနေအတင်းခေါ်ထုတ်လာလို့ပင်ဖြစ်သည်။ ပြန်ရောက်ကတည်းကငိုတာလည်းမတိတ် အခန်းထဲမှာလည်းတအိအိနှင့်ငိုနေတုန်းပင်
ထမင်းလဲလုံးဝမစား အကို Peaချော့ကျွေးတာတောင်
မရ ခုမနက်တော့စားမှဖြစ်မှာဖြစ်တော့ကြောင့်အတင်းပြန်ချော့နေရသည်။
"စာအုပ်လိုချင်ဝူး Daddyနဲ့ပဲ နေချင်တယ်"
PPkritt ဒေါသထွက်ကာ ထမင်းဗန်းကိုပါ ချပြီးထွက်လာလိုက်သည်။

If Love Be Sin Where stories live. Discover now