Chapter _2 {Uni + Zaw }

98 12 6
                                    

Unicode

Chapter _[ 2 ]

ဒီနေ့တော့မောင်ချက်ကျွေးတဲ့ ထမင်းစားရဲ့Pအတွက်အရသာရှိလှသည် ။
"P ကိုယ်မနက်ဖြန်ကိုယ့်မြို့ကိုခနပြန်ရမယ် "
"ဘာလို့လဲ မောင် "
"မောင့် daddy ကနေမကောင်းဖြစ်နေတာ ၂ရက်ရှိပြီတဲ့ ပြီးတော့Company ကအလုပ်တွေကလည်းရှိသေးတယ်လေ မောင်Daddyကိုစိတ်ပူလို့အက်တာ
ကြောင့်ပါ "
"မသွားပါနဲ့လားမောင် "
ကျစ် !!!
"PP မင်းအမြဲအက်လိုပဲ ဘာလို့ငါနဲ့ငါ့အဖေပတ်သတ်တာကို ခါးခါးသီးသီးဖြစ်နေရတာလဲ "
မောင်တော်တော်စိတ်ဆိုးနေတာPpအတပ်သိသည် တစ်ခါမှမပြောဖူးတဲ့ သူငယ်ချင်းဘဝကတောင်မပြောဖူးတဲ့ ငါနဲ့မင်းဆိုတဲ့ အသုံးအနှုန်း
Pသိပ်ကိုနာကျင်သည်
"မောင် P ဆိုလိုတာကလေ .."

"တောက် !!! တော်ပြီ မင်းပါးစပ်ပိတ်ထား YukiဆိုDaddyကိုအရမ်းချစ်တာ ပြီးတော့အရမ်းလဲ
ဂရုစိုက်တယ် အက်ကြောင့် Daddy ကလဲYukiကိုပဲအမြင်ကြည်တာ Daddyကမင်းနာမည်ဆိုကြားကို
မကြားချင်တာမင်းလုပ်ရက်တွေကြောင့်ဆိုတာသိလား PPမင်းအနေအထိုင်ဆင်ခြင် တောက် !! "
Billkinဆက်မစားတော့ပဲထထွက်လာမိသည်
Billkinကိုယ်တိုင်လည်း စဉ်းစားမရ PPကဘာလို့ Daddyကိုအမြင်မကြည်လဲဆိုတာ ဒီတစ်ခါတော့Billkin Ppကိုတော်တော်စိတ်ပျက်မိသည်

PP အော်ရီလိုက်ချင်သည်
Yuki နဲ့သူ့ကိုတောင် ယှဉ်သွားသေးတယ် Billkin သုံးသွားတဲ့စကားလုံးတွေက ရင်ကိုတစ်စစ်စစ်နဲ့နာကျင်စေသည် လက်နက်သာဖြစ်ရင်မလွယ်
ဟုတ်သည် မောင့်ရဲ့ Daddyဆိုတဲ့သူကို
Pသေလောက်အောင်မုန်းသည်။
.......
တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်မရှိတာ မဟုတ်ဘူး PP ဘက်ကဆက်သွယ်ခဲ့တာBKက
ပြန်ဆက်သွယ်ခဲ့တာ ဒါနဲ့ဆို ၁ ပတ်တင်းတင်း
ပြည့်လေပြီ
မောင်ထမင်းကောစားရဲ့လား သူအရမ်းစိတ်ပူမိသည်။
PP မနေနိုင်တဲ့အဆုံး မောင်ရှိတဲ့ ဆေးရုံကိုလ်ုက်သွားလိုက်သည်။
မောင့်အတွက်နေ့လည်စာလေးလဲပို့ရင်း
မောင်က ၁၅ ထပ်မှာမို့ PPအဖို့ဓာတ်လှေကား
စီးရမည်ပင်ဖြစ်သည်။
မောင်တို့ဆေးရုံက ဒီမြို့မှာအဆင့်အမြင့်ဆုံးလေ ဓာတ်လှေကားကလဲ သုံးခုတောင်ဖြစ်သည်
သုံးခုရှိတာတောင် လူကအမြဲပြည့်ကျပ်နေတာကြောင့် PP မစောင့်တော့ပဲ ခြေချင်သာ တက်လာလိုက်သည် ။

ဘုတ် !!
PPရဲ့ လက်ထဲမှ ထမင်းဘူးလေး ပြုတ်ကျသွားသည်နှင့်တစ်ပြိုင်နက်Billkin နဲ့ Yukiလည်းရုတ်ရုတ်သဲသဲဖြစ်သွားကာ လန့်သွားရှာသည်။
PPမြင်လိုက်သည်က Yukiကငိုနေသည် Billkin ကလည်း Yukiကိုထွေးပွေ့စွာဖက်ထားသည်။
"PP !! "
မောင်သိပ်လန့်သွားတဲ့မျက်နှာကိုကျွန်တော်မြင်လိုက်ရသည် ။
PP ပြုတ်ကျသွားတဲ့ ထမင်းဘူးကိုတောင်မကောက်နိုင်တော့ပဲ ဝေးရာကိုထွက်ပြေးလာမိသည်။
မောင်နောက်ကလိုက်လာသည်ကိုသူသိသည်
သူအမြန်ပြေးပြီးတစ်နေရာရာ ဝင်ပုန်းလိုက်မိ
သည် ။
မောင် PP ကိုရှာလို့မတွေ့တော့

" မောင်က မောင်က ငါ့ကိုမချစ်ခဲ့ဘူးပဲ "
" ငါ့ကိုအစားထိုးခဲ့တာလား သူ(မ)ရဲ့နေရာမှာ ငါ့ကိုငါ့ကို
"ငါကအစားထိုးခံသက်သက်လား "
"သူတို့ကပြန်တွဲနေကြတာလား ဒါဆိုငါကရော"

If Love Be Sin Kde žijí příběhy. Začni objevovat