Chapter _9 {Uni+Zaw}

107 10 1
                                    

Unicode >.<

3 နှစ်ခန့်ကြာသောအခါ ~~~

Pillလေးရဲ့အသက်ကသုံးနှစ်ပေမယ့် အရမ်းကိုလည် ပြီးသိပ်စကားသွက်ရှာသည် ။ဉာဏ်လည်းအလွန်
ကောင်းတော့ ဘာမှထွေထွေထူးထူး
သင်ပေးစရာမလိုဘူး။
ဒါလဲမောင့်နဲ့တူတာလေ မောင်ကဆရာဝန်ဆိုတော့ သိပ်တော်ရှာတာ ဖအေတူသားလေး။
သားလေးက အသားဖြူဖြူလေး နဲ့လုံးကစ်လေး
နှုတ်ခမ်းနဲ့ ရှည်လျားတဲ့မျက်တောင်မွှေးလေးတွေကတော့ Pနှင့်သိပ်တူသည် ။မျက်လုံးအောက်ကမှဲ့
နက်လေးနှစ်လုံးကောပင် သားလေးကမပြုံးရင်တောင် ပေါ်နေတဲ့ ပါးချိုင့်လေးနှစ်ခု ပြုံးများပြုံးလိုက်ရင်
တကယ့်မောင်ပဲ ။အော်ပြီးတော့ရှိသေးတယ်
နှုတ်ခေါင်းမောင်နဲ့တူတယ် မျက်ရစ်ကလည်း
တစ်ဖက်တည်းပင် မောင့်လိုမျိုး မျက်ခုံးတစ်ဖက်ပင့်ပြီး နှုတ်ခမ်းတင်းတင်းစေ့ထားတဲ့ အပြုအမူတွေကစ Billkinပေါက်စပဲ ။ PP Billkinကိုသိပ်ချစ်ခဲ့ပုံရသည်။

"သားကငယ်ပေမယ့် သားတစ်ခါခါမေးလိုက်တဲ့မေးခွန်းတွေကို PPဘယ်လိုဖြေရမှန်းမသိဘူး။
သားရဲ့ကျောင်းမှာ အားလုံးနီးပါးရဲ့ဖေဖေတွေက Boy to boy တွေလေ သားကပြန်လာရင်မေးရော သားမှာရော Daddyမရှိဘူးလားတဲ့ သားDaddyနဲ့တွေ့ချင်
တယ်တဲ့လေ ။
တစ်ခါခါ Daddy ကိုတွေ့ချင်တယ်ဆိုပြီးငိုတဲ့အခါတွေကျ တစ်ညလုံးအိပ်မရဘူး မနည်းချော့ယူရတယ်။
သားကငယ်ငယ်လေးကိုစိတ်ဒဏ်ရာတွေပေးမိပြီ
P သိပ်စိတ်နာတယ် ။"

Ppရေးနေတဲ့ ဒိုင်ယာရီစာအုပ်လေးကို ပိတ်လိုက်ကာ။
"Pillkin သားလေးရေ ရေချိုးရအောင် ဆော့တာနားတော့"
"ဟုတ် ဂျ"
ရေချိုးပေးပြီးတော့ သားရဲ့ တင်ပါးလုံးလုံးဖြူဖြူလေးကို Baby Mild ပေါင်ဒါပုတ်ပေးတော့ သွားဖြူဖြူလေးတွေပေါ်အောင်ရီလျက် တခစ်ခစ်နှင့်သိပ်သဘောကျနေသည်။
"ပါးပါးတို ချစ်တယ် ပါးပါးကကောသားတို ချစ်ဂျဲ့လား "
"စကားတွေသိပ်တက်နေတာသားက ချစ်တာပေါ့ဒီသားလေးကို မွမွ"
"ဟီး ဒါတို Daddyငို​ကောခုလိုမွမွတေ ပေးတာပေါ့နော် ခုDaddyတိုကော လွမ်းလား"
"သား ဘယ်သူသင်ပေးလိုက်ပြန်ပြီလဲ နောက်တစ်ခါအက်စကားမပြောရဘူးကြားလား"
"အီး ပါးပါးက သားငိုဆူဒယ် ခေါ်တော့ဝူး မောင့်နားတိုင်ပြောမှာ Billkinနားတိုင်မှာ အီး း း"

"ဘာပြောတယ်သား သားကိုဘယ်သူကပြောလိုက်တာလဲ အက်မောင် ကကောဘယ်ကနေသိလာတာလဲ"

"တိုနေ့က ပါးပါးဗီတိုထဲက ပုံတိုသားမြင်တော့ ဦးဦးPea တို သွားပြလိုက်တာ သားသားကငိုပြီး မေးတော့ ဦးကဒါ သားdaddy billkinလို့ပြောဒါ အီး ပါးပါးက တာမှသိဝူး ဆူပို့ပဲသိရယ် ဦးဦးတိုကျဆူဝူး အီး"
PPkritt ရီရခက်ငိုရခက် သားသိပ်စကားတတ်တာကြောင့် သူရီချင်ပေမယ့် ခုကိစ္စကတော့တော်တော်စိတ်တိုသည် ။

"ငိုနဲ့နော်သားPill ပါးပါး ဦးဦးPeaကိုသူ့အခန်းထဲထိသွားဆူလိုက်အုံးမယ်သားပုံဆွဲထားနှင့်နော်
ပါးပါးပြန်လာတဲ့ခါကျ သားပုံလှလှလေးဆွဲထားရင်ကိုမုန့်တွေအများကြီးဝယ်ကျွေးမယ်နော် "
"ဟုတ် ငိုတော့ဝူး "

If Love Be Sin Where stories live. Discover now